Background Music - Artificial Love
ဤအပိုဒ် အား Artificial love မှ အဓိက ကူညီ
ပံပိုးပေးပါသည် ။ 🌚ပုံမှန် နိုးနေကျအချိန်ရောက်တာနဲ့ ကျင့်သားရနေတဲ့
မျက်လုံးက အလိုလိုပွင့်လာပြီ ဖြစ်သည်။
မျက်လုံးထဲ အရင်မြင်လိုက်ရတာက မြင်နေကျ
မျက်နှာကျက်မဟုတ် စောင်တွေနဲ့ လုံးပြီး
အိပ်ပျော်နေတဲ့ Baekhyun ရဲ့ မျက်နှာဘေး
ဖြစ်သည်။သေချာကြည့်တော့ ကိုယ့်ရဲ့ခြေတွေလက်တွေကအစ
စောင်ထုတ်ကြီးနဲ့ Baekhyun ကို အားရပါးရ
ဖက်တွယ်ထားသေးသည် ။တစ်ဆက်တည်းဆိုသလို ညကမူးမူးရူးရူးနဲ့
Baekhyun ကိုယ်ပေါ်တက်ပြီး အသည်းအသန်
ကုန်းနမ်းခဲ့တာတွေ ပြန်မြင်ယောင်လာတော့
တစ်ကိုယ်လုံး အပူတွေ ဟုန်းကနဲတောက်လောင်
လာသလို ခံစားရနေသည်။လူလတ်ပိုင်း ယောကျာ်းသားတစ်ယောက်ရဲ့ မနက်ခင်းကို
ရင်ဖိုဖွယ် မြင်ကွင်းက တောက်လောင်စေတော့ ဆက်ပြီး
ထပ်အိပ်လို့မရတော့ ။ ချက်ချင်း ကုတင်ပေါ်ကပြေးဆင်း
ပြီး ရေချိုးခန်းထဲပြေးဝင်ရသည်။" shit .... နည်းနည်းလေးမှ ကောင်းကျိုးမပေးတဲ့
အကောင်စုတ်လေး....! "ဒါနဲ့ဆို Baekhyun ကြောင့် ဒုက္ခ ရောက်ရတာ
နှစ်ကြိမ်မြောက် ။ ဒုက္ခ ရောက်တိုင်းလည်း ကိုယ့်
ဘာ သာ ဖြေလျော့ခဲ့ရသည်။ပထမတစ်ခေါက်က ကြောင်တီးကြောင်တောင်နဲ့
Baekhyun ကို ရေချိုးခန်းထဲကပုံနဲ့ အိမ်မက်
ထဲ မြင်ခဲ့ခြင်း ။ အခုအရွယ်အထိ ဘယ်သူ့ကိုမှ
W.. dream.ထဲ ထည့်မမက်ဘူးပေမဲ့
Baekhyun က တော့ ပထမဆုံး ဖြစ်ခဲ့သည်။အခုဆိုလျင် နမ်းရုံတင်လေး ပြန်မြင်ယောင်မိတာနဲ့တင်
ဒုက္ခ ရောက်ရတာ သိပ်တော့ မဟူတ်သေး ။ကုတင်ပေါ်မှာ Baekhyun ကတော့ အိမ်မက်ထဲ
လက်ပစ်ကူးနေဆဲ ။ ညက ရေချိန်အတော်မှန်ခဲ့တာ
ကြောင့် မနက်လင်းစ အချိန်က နှပ်လို့အကောင်းဆုံး
အချိန် ။ ရေချိုးခန်းထဲက ခေါင်းဆောင်ကြီးကတော့
Baekhyun ကြောင့် ဒုက္ခ ရောက်နေရသည်။နာရီဝက်အကြာမှာမှ Chanyeol အကျႌဘောင်းဘီ
ဖရိုဖရဲနဲ ထွက်လာနိုင်သည်။ ကုတင်ပေါ်က ဒုက္ခချည်း
ပေးတက်လွန်းတဲ့ ပြဿနာအိုးက အေးအေးလူလူ
အိပ်နေတာမြင်တော့ ပြေးပြီးကန်ချချင်စိတ်က တစ်ဖွားဖွား။
ESTÁS LEYENDO
Unpretty Romance[ ChanBaek ]
FanficChanBaek Romance in Unpretty Life ( side couple - KaiHun )