31

48.3K 3.9K 281
                                    


" နာနာရေ.....ငါ့ဆံပင်တွေကို တစ်ချက်လောက်
ကြည့်ပေးစမ်းပါ..."

အခန်းထဲ အူယားဖားယားပြေးဝင်လာတဲ့ ဂျာခေါင်းက
ငယ်ထိပ်မှာ ဆံပင်အကွက်လိုက်မီးရှို့ ့ခံထားရသည်။

နာနာနဲ့ သူ့လက်အောက်ငယ်သားတွေကလည်း
ဂျာခေါင်းရဲ့အဖြစ်ကိုကြည့်ပြီး ရယ်ချင်ပတ်ကျိနဲ့။

" ဘယ်လိုဖြစ်လာတာတုန်း !! "

ဂျာခေါင်းမှန်ထဲကနေ ဆံပင်တွေကြည့်နေတုန်း
သူ့ကိုချွန်တွန်းလုပ်သွားတဲ့ B4 ရဲ့ အသံကို ကြား
တော့ မီးဝင်းဝင်းတောက်နေတဲ့အကြည့်တွေနဲ့
လှည့်ကြည့်လာသည် ။

သ့ကောင့်သားလေးက ဖုန်းတစ်လုံးနဲ့ ဆံပင်ပေါင်းခံ
အိုးကြီးအောက်မှာ ဇိမ်နဲ့ ထိုင်နေသေးသည် ။

" မင်းပဲ...ဟျောင့် !!!
မင်းပဲပြောတော့ ဖယောင်းစက်ချရင်
သူပိုကောင်းမယ်ဆို ToT ...."

Baekhyun မျက်တောင်တွေ ပုတ်ခတ်ပုတ်ခတ်နဲ့
ပြန်စဉ်းစားကြည့်လိုက်သေးသည် ။ သူ ဘယ်တူန်းက
ဂျာခေါင်းကို ဖယောင်းစက်ချဖို့ ပြောလိုက်မိလဲ .... ။

ဘေးက စာအုပ်ဖတ်နေတဲ့ sehun ကပါ
မေးငေါ့ပြီးမေးလာသည် ။

" မင်း....ဟေ့ကောင် .. ဂျင်းကောင် !!!
ငါ့ရဲ့ ခံညားမှုအရှိဆုံး ဆံပင်တွေကို မင်းကြောင့် "

ဖြစ်စဉ်မှာ .... ဂျင်းကောင် B4 ရဲ့ ဖယောင်းစက်ချ
အကြံအဉာဏ်ကို လက်တည့်စမ်းပါသော ဂျာခေါင်းရဲ့
ရလဒ်အခြေအနေမှာ ငယ်ထိပ်တည့်တည့် မီးနဲ့ ရှို ့ခံ
လိုက်ရခြင်း ဖြစ်သည် ။

" အာ..ဟားဟားဟား !!!!!!
ဟားဟား.....ဟား "

"တော်သေးတယ်...yeye က
အဲ့ ထိပ်ကွက်မှာ တက်တူးမထိုးပေးလိုက်တာ
ဟားဟား..."

Sehun နဲ့ Baekhyun ရဲ့ ရယ်သံတွေကြားမှာ
ဂျာခေါင်းရဲ့ မိုးပြိုမတက်မျက်နှာလေးကိုတွေ့ရမည်။

Baekhyun ရဲ့ အူလိူက်သည်းလိုက်ရယ်မော
နေမှုမှာ ဂျာခေါင်းကို (မယက) ဟူသော အကြည့်
တွေနဲ့ ခပ်လှောင်လှောင်လေးရယ်နေလေရဲ့ ။

နာနာနဲ့ သူ့လက်အောင်ငယ်သားတွေ ကလည်း
ဂျာခေါင်းရဲ့ ဆံပင်ကိုပြန်ညှိပေးရင်း ကတုံးကေနဲ့
ဖြစ်သွားရသေးသည် ။

Unpretty Romance[ ChanBaek ]Onde histórias criam vida. Descubra agora