" ဒါဆို နောက်တစ်ယောက် ထပ်ပေးပါ !!"
ပွဲကြည့်စင် တစ်ခုလုံး ပဲ့တင်ထွက်လာတဲ့
Baekhyun အသံက လူတိုင်းကို
မအံသြပဲ မနေနိုင် ။Milar ရုတ်တရက် ပြုံးလိုက်ပြီး လက်ထဲက
Tablet ကို ပြန်ကြည့်လိုက်တယ် ။
ထိန်းချုပ်ခန်းထဲက အရွယ်အစားတူ နပန်းသမား
တစ်ယောက်ကို ထပ်ပြီးလွှတ်ပေးဖို့ အမိန့်ပေး
လိုက်တယ် ။B4 ဘယ်လိုယှဉ်ပြိုင်မယ်ဆိုတာ
Milar တင်မက ပွဲစင်တစ်ခုလုံ တိတ်ဆိတ် ပြီး
စောင့်ကြည့်နေကြတယ် ။ထိုးသတ်ဝိုင်းထဲ နောက်ထပ်ပြန်ရောက်လာတဲ့
နပန်းသမားတစ်ယောက် ။ အရင် တစ်ယောက်
နီးနီး အကောင်ကြီးတဲ့ နပန်းသမားကြီး ။နပန်းသမားနှစ်ယောက်က အကြောတွေလျော့ပြီး
သူတို့ရှေ့က လက်တစ်ဆုပ်စာ ကောင်လေးကို
ဂုတ်ချိုးပြီး လွှင့်ပစ်ဖို့ ပြင်ဆင်နေပြီ ။But ......
သူတို့ နဲ့ ယှဉ်ပြိုင်ရမဲ့ ကောင်လေးက အခုထိ
အကျႌထဲ လက်ထိုးထည့်ပြီး ကျောကုန်းကို
အကုတ်မပျက်သေး ။တိုက်ခိုက်ဖို့ အချက်ပြ ဝီစီအသံကြားတာနဲ့
နပန်းသမားနှစ်ယောက်က လက်သီးလက်မောင်း
တန်းပြီး အားနဲ့အင်နဲ့ Baekhyun ဆီ
ပြေးလာတော့သည် ။နပန်းသမားနှစ်ယောက်လုံးပြေးလာပြီး
Baekhyun အနားအရောက်မှာပဲ
ဟန့်တားခံလိုက်ရသည်။" နေဦးး.... ဒီမှာ ကုတ်လို့မပြီးသေးတာ မမြင်ဘူးလား!!"
အင်....!
နှစ်ယောက်လုံး ပြေးလာပြီးမှ ရုတ်တရက်
အဟောက်ခံလိုက်ရတာမို့ စစချင်း ကြောင်အ
သွားပြီး ပြန်ဒေါသ ထွက်လာသည် ။" Prepare youself !!!! "
ပထမတစ်ယောက်ရဲ့ လက်သီးက အရှိန်နဲ့
ရောက်လာခဲ့ပေမဲ့ လူကောင်သေးတဲ့ B4က
လျင်လျင်မြန်မြန် ပြန်ရှောင်တိမ်းလိုက်ပြီး
ထိုလူရဲ့ ကျောရိုးအလယ်တည့်တည့်ကို
တံတောင်ရိုးနဲ့ ဆောင့်ထိုးလိုက်သည်။ဘယ်လောက်ပဲ ကြွက်သားတွေများပြီး
သန်မာနေပါစေ ပင်မကျောရိုးကို အားပြင်းပြင်းနဲ့
ဆောင့်ထိုးလိုက်တာနဲ့ ချက်ကောင်းကို ထိုးမိပြီ။

ESTÁS LEYENDO
Unpretty Romance[ ChanBaek ]
FanfictionChanBaek Romance in Unpretty Life ( side couple - KaiHun )