မှန်ဘောင် အနောက်မှာရှိနေတဲ့ ဓာတ်ပုံလေးနှစ်ခု။မိသားစုသုံးယောက်လုံး ပြုံးပျော်နေတဲ့ ပုံလေးရယ်၊
သားဖြစ်သူရဲ့ အထက်တန်းပြီး ဘွဲ့ယူနေချိန်မှာ
မိသားစု သုံးယောက်စုရိုက်ထားတဲ့ ပုံလေးရယ်နဲ့ ။
ကွယ်လွန်ပြီးဖြစ်တဲ့ အဖေရဲ့အရိုးပြာအိုးရယ်က
အထီးမကျန်ဆန်စေဘူးလို့ ဆုတောင်းပါရစေ...။" နောက်ကျမှ လာတွေ့ရလို့ တောင်းပန်ပါတယ် ပါပါး "
ခေါင်းငုံ့ အရိုအသေပေးပြီး ပြန်ရပ်ဖို့ အားယူကာ
စိတ်တင်းထားရသည် ။" မလိမ္မာ ခဲ့တဲ့အတွက်လည်း တောင်းပန်ပါတယ် "
တဖန် ခေါင်းငုံ့အရိုအသေပေးပြီး အဆက်မပြတ်စီးကျလာတဲ့
မျက်ရည်တွေကို မသုတ်ပဲ ကျဆင်းခွင့်ပေးလိုက်သည်။'ဒီနေ့အတွက် ဝ အောင် ငိုခဲ့ပါ ' ဆိုတဲ့ Chan ရဲ့
စကားကို နားထောင်မိတာပေမဲ့ Papa အပေါ်
အပြစ်ရှိတယ် ဆိုတဲ့စိတ်ကလည်း တားမရအောင်
ရှိနေဆဲမို့ ရင်ထဲ တင်းကြပ်နေသမျကို အကုန်
ငိုချပစ်မိသည် ။Baekhyun ရှိရာ နေရာနဲ့ နံရံနစ်တစ်ဖက်ခြားမှာ
စောင့်နေတဲ့ Chanyeol ရှိနေသည် ။သာမာန်ထက် ပိုပြီးနားပါးတဲ့အတွက် အပြင်မှာ
စောင့်နေတာတောင် Baekhyun ရဲ့ ငိုရှိူက်သံကို
ကြားနေရသည် ။" Alpha ..... "
" ရောက်ပြီလား..."
" ဟုတ်ကဲ့ ! "
Chanyeol ရှေ့ ရောက်လာတဲ့ G3 နဲ့ J7 ။
" Japan ကိုသွား ! မင်းတို့ကို Data တွေလွှဲထားပြီးပြီ
သူ့ အကြောင်းကို အစအဆုံး အကုန်ရအောင်ရှာခဲ့ !! "" သူက ...."
" သိတယ် ။ ဒါမဲ့ သူ့အကြောင်းအကုန် သိချင်တယ်! "
" မသေသေးရင် ကျွန်တော်တို့ ရှင်းလိုက်ရမလား...."
" မလိုဘူး ! သူ့ကို ဘေဘီ ရှင်းလိမ့်မယ် ....!
မင်းတို့လုပ်ရမှာ သူ့ကိုရအောင်ရှာပေးဖို့ပဲ "" ဟုတ်ကဲ့ ။ "
သူတို့နှစ်ယောက်ထွက်သွားခါမှ Chanyeol
အခန်းထဲဝင်ပြီး Baekhyun ကိုပြန်ကြည့်ရသည်။
ဆေးရုံက ဆင်းထားတာမကြာသေးတာမို့
ကြာကြာ လွတ်ထားလို့မရပေ။

YOU ARE READING
Unpretty Romance[ ChanBaek ]
FanfictionChanBaek Romance in Unpretty Life ( side couple - KaiHun )