" ကလေးတို့ ..... ငါးသွားဖမ်းမယ် !!! "
ထရိန်နင်ဆရာ၏ စကားအဆုံး အုပ်စု၇၈ အကုန်
မျက်လုံးအပြူးသား ....ငါးဖမ်းမယ် ဆိုတဲ့အသံကြားတာနဲ့ အိပ်ငိုက်နေတဲ့
Sehun နဲ့ Baekhyun တို့ ချက်ချင်း မျက်လုံး
ပြုးလာကြသည်။ Hacker ဖြစ်တဲ့ Baekhyun
အခန်းမှာ wifi ရနေတဲ့အတွက် နှစ်ယောက်သား
ညနက်တဲ့ အထိ Level တက်ရေး တို့အရေး
ဖြစ်နေကြသည်မို့ မျက်ကွင်းက ဟောက်ပတ်နဲ့ ။" ကမ်းစပ်မှာ စီနီယာ အုပ်စုတွေ စောင့်နေကြလိမ့်မယ်!
မင်းတို့လည်း သွေးပူလေ့ကျင့်ခန်းဖြစ်အောင် PT
ပြေးရင်း သွားကြပေါ့ .... ဟိုရောက်ရင်တော့ အကုန်
ပေါ့ပေါ့ပါးပါး ပဲ ငါးဖမ်းရမှာ.....ကဲ သွားမယ် ....! "ဝီစီ စမှုတ်တာနဲ့ စပြေးရတော့သည်။ ဖြေးဖြေးချင်း
ပြေးရင်း တစ်ယောက်နဲ့တစ်ယောက် စကားများနေ
ကြသည်။ ငါးဖမ်းဖို်အတွက် တိုင်ပင်နေကြခြင်းပင်။" Sehun .... မင်းရော ငါးမြှားဖူးလား ! "
" ငါးလည်းမြှားဖူးတယ် ၊ ဘာမှမပါဘဲ ဒီတိုင်းလည်း
ဖမ်းဖူးတယ် ... ငါထင်တာပြောရရင် အခုငါးဖမ်း
မယ်လို့ပြောတာ ဒီတိုင်းပဲ လက်နဲ့ ဖမ်းရမယ်ထင်တယ်"" ဟမ်........😨
ငါက ငါးသာကြိုက်တာ မကိုင်ရဲဘူး ....! ချွဲကျိကျိနဲ့
ငါ ဖမ်းတက်မယ်...မထင်ဘူး ...."" ဟက်ဟက်..... မဖမ်းတက်လည်း
် ဖမ်းချင်ယောင်ဆောင်ပြီး နေလိုက် ...ငါဖမ်းမယ်!!
ငါ ငါးဖမ်းကျွမ်းတယ်....သင်ပေးတဲ့ Kai hyung
တောင် ငါ့လောက် မတော်ဘူး "" မင်းက ဒုခေါင်းဆောင်နဲ့ တော်တော်ရင်းနှီးတယ်နော်!
ငယ်ငယ်တည်းက သိကြတာဆိုတော့ .... ဒါနဲ့.....
ခေါင်းဆောင်ကြီး အယ်ဖာနဲ့ရော မရင်းနှီးဘူးလား...."" မင်း မေးရောမေးပါ့မလားလို့ .... ခုမေးပြီပဲ...."
" ဟမ်..."
" ခေါင်းဆောင်ကြီးနဲ့က တစ်မိတည်းပေါက်ခဲ့တဲ့ သူတွေမို့
ရင်နှီးပေမဲ့ Kai hyung နဲ့က အတူနေတာများလို့
ပို ရင်းနှီးတယ် .....! "" Aww.... တစ်မိတည်းပေါက်ပေမဲ့ သိပ်မရင်းနှီးဘူး!
ဒုခေါင်းဆောင် နဲ့ပဲ ..... ဟမ်..... နေပါဦး.....
Sehun ya .... တစ်မိတည်းပေါက်က ...ဘယ်လို "

YOU ARE READING
Unpretty Romance[ ChanBaek ]
FanfictionChanBaek Romance in Unpretty Life ( side couple - KaiHun )