part 6 - 1 / အိပ်ခန်းပြောင်းရခြင်း
ဆာအိုတိုမဲ နှုတ်ခမ်းတွေကိုတင်းတင်းစေ့ကာ သွားတွေ
ကိုကြိတ်ခြေနေမိသည်။ ထိုအခါ ထိုသူက ဆာအိုတိုမဲ
ကိုစိုက်ကြည့်ရင်း......"မင်းရည်းစားရဲ့နာမည်က ရှဒိုးဟုတ်လား ဒါပေမယ့်သူ့အနား
မှာ အခုမ ရှိနေတာ ဆိုးတာပဲအင်း......ဒါပေမယ့်မပူပါနဲ့
မင်းအတွက်ငါတစ်ယောက်လုံးရှိတယ်လေ"ထိုလူ့မျက်နှာ အမူအရာကရက်စက်တော့မည့် အသွင်မို့ ရုန်းချင်သော်လဲ ရုတ်တရက်ပဲ သူသတိရလိုက်မိသည်။
ထိုသူက ဘယ်သူလဲဆိုတာကိုပေါ့။ ထိုသူက သူ့မိတ်ဆွေ
ဟောင်းတစ်ယောက်။"မင်းဘာလိုချင်လို့လဲ ရင်းဒို"
ဆာအိုတိုမဲ အသံကိုအတတ်နိုင်ဆုံးထိန်းကာ ဂရုတစိုက်
ပြောလိုက်သည်။ ဟိုထူးဆန်းသော အရည်တွေကြောင့်
ဖြစ်မည်ထင်သည်။ သူ့တစ်ကိုယ်လုံးနာကျင်နေသည်။"စောစောထဲက ငါမင်းကိုလာမကြည့်နိုင်တာ sorryပါ
ကိုယ့်နတ်သားလေးရေ ဒါနဲ့မင်းသိလား မင်းသူငယ်ချင်းက
ငါ့ကိုဆိုးဆိုးရွားရွား နာကျင်စေတယ်ဆိုတာကိုလေ တစ်
ယောက်ယောက်ကငါ့ဝိဥာဉ်ကို ထိဖို့ကြိုးစားရင် သူ့ပတ်ဝန်း
ကျင်ကလူတွေကိုငါကပြန်ကလဲ့စားချေတတ်တယ်ဆိုတာ
မင်းအသိပဲမဟုတ်လား အချစ်လေး""မင်းဘာလိုချင်တာလဲဆိုတာ ငါမသိဘူး"
ဆာအိုတိုမဲ ပြန်ပြောလိုက်တော့ ထိုသူကဘေးမှာ ၀င်လှဲ
လိုက်လေသည်။ ဆာအိုတိုမဲ မကျေမနပ်ကြည့်မိတော့......."ငါ့ကိုအဲလိုကြီးစိုက်ကြည့်မနေနဲ့ ငါ့စိတ်တွေ မထိန်းနိုင်ဘဲ
နေလိမ့်မယ်"ရင်းဒိုက ဆာအိုတိုမဲရဲ့ပါးကို ခပ်ဖွဖွလေးပွတ်ရင်းပြောလေ
သည်။ သူ့လက်ကနေထွက်ပြေးချင်ပေမယ့် စွမ်းအားတွေ
ကပျောက်ဆုံးနေလေသည်။"ဘယ်လိုလဲ ရုန်းဖို့အင်အားတွေရှိသေးရဲ့လားဟဟ
ငါ့အထင်တော့ ဆေးရည်ကြောင့်မင်းအားနည်းနေပြီ"
YOU ARE READING
Amiable Hybrid (Translation/Zaw+Uni)
Vampireလူတွေနဲ့ ဝေးလွန်းတဲ့ ဟိုး တောနက်ကြီးထဲမှာနတ်ဆိုးလော ကကိုအုပ်ချုပ်ရတဲ့ 'နတ်ဆိုးသခင်ကြီး' ရှိသတဲ့။ တစ်နေ့မှာ တော့ ခပ်ဆိုးဆိုး demonတွေကိုဖမ်းဖို့ သူဆုံးဖြတ်ခဲ့တယ် တွေ့တာနဲ့ ရန်ဖြစ်နေကြတဲ့ ကောင်လေးတွေပေါ့... °°°°°°°°°° ဟိုတရ...