တစ်ခါတုန်းက တစ်ယောက်အတွက်တစ်ယောက် အသက်ပေးရဲတဲ့အထိ သိပ်ချစ်ကြတဲ့ကောင်လေးနှစ်ယောက်ရှိသတဲ့။ သူတို့ စတွေ့ ခဲ့ကြတဲ့အဖြစ်အပျက်ဟာ တစ်ကယ်ကိုရယ်စရာကောင်းခဲ့တယ်။
တစ်နေ့ မှာပေါ့ နေမဟော်ဆိုတဲ့ကောင်လေးဟာ သိပ်ကိုရှပ်ပြာပြာနိုင်တဲ့ ဘုန်းမြတ်ပိုင်လို့ ခေါ်တဲ့ ကောင်လေးတစ်ယောက်နဲ့ ကျောင်းမှာ ဖိနပ်နင်းမိမှုအစပြုပြီး စတင်တွေ့ ဆုံခဲ့ပါတော့တယ်။
နေမဟော်လို့ ခေါ်တဲ့ကောင်လေးမှာက မိဘသဘောတူထားတဲ့ မိန်းကလေးရှိပေမယ့် သူကgayတစ်ယောက်ဖြစ်တာကြောင့် ချစ်လို့ မရခဲ့ဘူး။
နောက်ပိုင်းမှာ နေမဟော့်ညီနဲ့ ဘုန်းမြတ်ပိုင်ရဲ့ညီမတို့ အလှော်ကောင်းမှုကြောင့် စာအတူကျက် ခရီးအတူထွက်ကြရင်းနဲ့ အချစ်ဇာတ်လမ်းလေးတစ်ပုဒ် ဖြစ်လာပါတော့တယ်။
ဒါပေမယ့်အချစ်စစ်တို့ မည်သည် ဖြောင့်ဖြူးခြင်းမရှိဆိုတဲ့အတိုင်းပဲ ထင်မှတ်မထားတဲ့ ကံကြမ္မာတစ်ခုက သိပ်ချစ်ကြတဲ့ ချစ်သူနှစ်ဦးကြားဝင်ရောက်မွှေနှောက်ပါတော့တယ်။
နေမဟော်ဟာ သူ့ မိခင်သေဆုံးမှုရဲ့တရားခံကို ငယ်စဉ်ကတည်းက ရှာဖွေနေခဲ့တာဖြစ်ပြီး တွေ့ ရှိချိန်မှာတော့ ချစ်သူရဲ့ ဖခင်ဖြစ်နေခဲ့ပါတယ်။ သူဘာဆက်လုပ်ရမလဲ။
ချစ်သူကိုစွန့် ပစ်ပြီး သူ့ ဖခင်ကို ကလဲ့စားချေမှာလား။ ဒါမှမဟုတ် ခွင့်လွှတ်လိုက်မှာလား။ သင်တို့ သာ နေမဟော့်နေရာမှာ ဆိုရင်ရော ဘယ်လိုဆုံးဖြတ်မှာလဲ။
ကိုယ့်ရဲ့ပထမဆုံး OC လေးဖြစ်တဲ့ You Are My Cancer fic book လေးကို order တင်လို့ ရပါပြီနော်။ တစ်အုပ်ထဲဆိုထုတ်ဖို့  အဆင်မပြေလို့ နှစ်အုပ်ခွဲထားပါတယ်။ တစ်ပြိုင်ထဲထုတ်မှာပါ။ တစ်အုပ်ကို ၃၅၀၀နဲ့ နှစ်အုပ်ကို ၇၀၀၀ပေါ့နော်။ အောက်တိုဘာလထဲမှာ ထွက်ရှိမှာပါ။ ၁၀ရက်နေ့ လောက် စီစဉ်ထားပါတယ်။
order တင်မယ်ဆိုရင်-
အမည်။ အသက်။ အမြဲတမ်းကိုင်တဲ့ phone number။ နေရပ်လိပ်စာအပြည့်အစုံနဲ့ အတူ အောက်မှာပြထားတဲ့ page လေးကို လာခဲ့ဖို့ ဖိတ်ခေါ်ပါတယ်နော်။
YOU ARE READING
Amiable Hybrid (Translation/Zaw+Uni)
Vampireလူတွေနဲ့ ဝေးလွန်းတဲ့ ဟိုး တောနက်ကြီးထဲမှာနတ်ဆိုးလော ကကိုအုပ်ချုပ်ရတဲ့ 'နတ်ဆိုးသခင်ကြီး' ရှိသတဲ့။ တစ်နေ့မှာ တော့ ခပ်ဆိုးဆိုး demonတွေကိုဖမ်းဖို့ သူဆုံးဖြတ်ခဲ့တယ် တွေ့တာနဲ့ ရန်ဖြစ်နေကြတဲ့ ကောင်လေးတွေပေါ့... °°°°°°°°°° ဟိုတရ...