part 9 / ငါလေးကပြန်ပေးဆွဲခံရတာလေဟာနတ်ဆိုးသခင် သက်ပြင်းချရင်း မျက်လုံးတွေကိုပွတ်လိုက်
မိသည်။ ညတုန်းကဆာအိုတိုမဲ နောက်တစ်ခါ ပြန်ပေးဆွဲခံရ
တယ်လို့ကြားခဲ့ရသည်။ အဲဒီ့အချိန်တုန်းအလုတိလဲအတူတူ
ရှိနေခဲ့တာဖြစ်ပြီး ဒီတော့နှစ်ယောက်လုံးပြန်ပေးဆွဲခံရတော့
သည်။သူတို့ကိုစိတ်ပူတာမို့ အမြန်ဆုံးကယ်ချင်သော်လဲ ဒီပြဿနာ
ဖြေရှင်းဖို့က စိတ်လောလို့မရ။ တည်တည်ုငိမ်ငြိမ်ဖြေရှင်းရ
မယ်လို့ ခံစားမိနေသည်။သူတို့ကိုမှဲ့တစ်ပေါက်မစွန်းစေဘဲ အိမ်တော်ကိုပြန်ခေါ်
ရမည်။ သို့သော်ငြားလဲ အခုတော့ စိတ်ထဲလေးလေးပင်
ပင်ကြီးခံစားနေရသည်။သူတို့တစ်စုံတစ်ခုဖြစ်နေကြ
ပြီလား။အိမ်လုံခြုံရေးအစီအစဉ်တစ်ခုလုံးကလဲ အစီအစဉ်မကျ၊ ဘယ်လိုဖြစ်ပြီး သူစိမ်းလူကအိမ်တော်ထဲထိ၀င်လာလို့
ရတာလဲ စဉ်းစားမရ။တော်ကြာ သူနေတဲ့အိမ်တော်ထဲလဲခိုး၀င်နေဦးမယ်။
စိတ်မချရ။ တန်ဖိုးကြီးပစ္စည်းတွေပါသွားရင်ဘယ်လိုလုပ်
မလဲ။ သူတို့ကိုဒီအတိုင်းထားခဲ့မယ်ဆိုရင်ရော ဖြစ်ပါ့
မလား။ ဖြစ်မှာပါလေလို့ ဆုံးဖြတ်ချက်ချပြီးနောက်ကိုယ့်
အိမ်တော်ကိုယ်ပြန်ဖို့သာ ဆုံးဖြတ်လိုက်တော့သည်။ခနအကြာမှာတော့ သူ့ရဲ့အတွင်းရေးမှူးက အခန်းထဲကို
၀င်လာသည်။"သခင် ကျွန်တော်တို့ ဆာအိုတိုမဲနဲ့ အလုတိ ကိုရှာပြီးပြီ။ ခေါ်သွားတဲ့သူကဆာအိုတိုမဲရဲ့ သူငယ်ချင်းဟောင်းဖြစ်ပုံရ
တယ်။ သူတို့နေရာက လုံခြုံတယ် ထိုးဖောက်၀င်လို့မရ
နိုင်ဘူးလို့ ကျွန်တော်ကနေတစ်ဆင့် သခင့်ဆီ သတင်း
ရောက်စေချင်ပုံပဲ"အတွင်းရေးမှူးလေး ဆတိုမိက သူသိသမျှအစီရင်ခံနေသည်။
ရုတ်တရက် သူ့ကို နတ်ဆိုးသခင်က အနားရောက်အောင်
လက်ကိုင်ပြီးဆွဲခေါ်လိုက်ကာ ပေါင်ပေါ်ထို်င်ခိုင်းလိုက်သည်။"သ.....သခင်"
ဆတိုမိလန့်သွားပြီး ပျာယာခတ်တဲ့အမူအယာဖြစ်သွားတော့
သည်။ သူက ဆတိုမိလို ချစ်စရာကောင်းတဲ့ ကောင်လေး
တွေမြင်ရင် သူတို့လက်လေးတွေကိုပဲဖြစ်ဖြစ် မထိတွေ့ဘဲ
မနေနိုင်တာ သူ့အားနည်းချက်တစ်ခု။
ESTÁS LEYENDO
Amiable Hybrid (Translation/Zaw+Uni)
Vampirosလူတွေနဲ့ ဝေးလွန်းတဲ့ ဟိုး တောနက်ကြီးထဲမှာနတ်ဆိုးလော ကကိုအုပ်ချုပ်ရတဲ့ 'နတ်ဆိုးသခင်ကြီး' ရှိသတဲ့။ တစ်နေ့မှာ တော့ ခပ်ဆိုးဆိုး demonတွေကိုဖမ်းဖို့ သူဆုံးဖြတ်ခဲ့တယ် တွေ့တာနဲ့ ရန်ဖြစ်နေကြတဲ့ ကောင်လေးတွေပေါ့... °°°°°°°°°° ဟိုတရ...