part 6 - 1 / အိပ်ခန်းပြောင်းရခြင်း

222 27 0
                                    


part 6 - 1 / အိပ်ခန်းပြောင်းရခြင်း

ဆာအိုတိုမဲ နှုတ်ခမ်းတွေကိုတင်းတင်းစေ့ကာ သွားတွေ
ကိုကြိိတ်ခြေနေမိသည်။ ထိုအခါ ထိုသူက ဆာအိုတိုမဲ
က်ိုစိုက်ကြည့်ရင်း......

"မင်းရည်းစားရဲ့နာမည်က ရှဒိုးဟုတ်လား ဒါပေမယ့်သူ့အနား
မှာ အခုမ ရှိနေတာ ဆိုးတာပဲအင်း......ဒါပေမယ့်မပူပါနဲ့
မင်းအတွက်ငါတစ်ယောက်လုံးရှိတယ်လေ"

ထိုလူ့မျက်နှာ အမူအရာကရက်စက်တော့မည့် အသွင်မို့ ရုန်းချင်သော်လဲ ရုတ်တရက်ပဲ သူသတိရလိုက်မိသည်။
ထိုသူက ဘယ်သူလဲဆိုတာကိုပေါ့။ ထိုသူက သူ့မိတ်ဆွေ
ဟောင်းတစ်ယောက်။

"မင်းဘာလိုချင်လို့လဲ ရင်းဒို"

ဆာအိုတိုမဲ အသံကိုအတတ်နိုင်ဆုံးထိန်းကာ ဂရုတစိုက််
ပြောလိုက်သည်။ ဟိုထူးဆန်းသော အရည်တွေကြောင့်
ဖြစ်မည်ထင်သည်။ သူ့တစ်ကိုယ်လုံးနာကျင်နေသည်။

"စောစောထဲက ငါမင်းကိုလာမကြည့်နိုင်တာ sorryပါ
ကိုယ့်နတ်သားလေးရေ ဒါနဲ့မင်းသိလား မင်းသူငယ်ချင်းက
ငါ့ကိုဆိုးဆိုးရွားရွား နာကျင်စေတယ်ဆိုတာကိုလေ တစ်
ယောက််ယောက်ကငါ့၀ိဉာဉ်ကို ထိဖို့ကြိုးစားရင် သူ့ပတ်၀န်း
ကျင်ကလူတွေကိုငါကပြန်ကလဲ့စားချေတတ်တယ်ဆိုတာ
မင်းအသိပဲမဟုတ်လား အချစ်လေး"

"မင်းဘာလိ်ုချင်တာလဲဆိုတာ ငါမသိဘူး"

ဆာအိုတိုမဲ ပြန်ပြောလိုက်တော့ ထိုသူကဘေးမှာ ၀င်လှဲ
လိုက်လေသည်။ ဆာအိုတိုမဲ မကျေမနပ်ကြည့်မိတော့.......

"ငါ့ကိုအဲလိ်ုကြီးစိုက်ကြည့်မနေနဲ့ ငါ့စိတ်တွေ မထိန်းနိုင်ဘဲ
နေလိမ့်မယ်"

ရင်းဒိုက ဆာအိုတိုမဲရဲ့ပါးကို ခပ်ဖွဖွလေးပွတ်ရင်းပြောလေ
သည်။ သူ့လက်ကနေထွက်ပြေးချင်ပေမယ့် စွမ်းအားတွေ
ကပျောက်ဆုံးနေလေသည်။

"ဘယ်လိုလဲ ရုန်းဖို့အင်အားတွေရှိသေးရဲ့လားဟဟ
ငါ့အထင်တော့ ဆေးရည်ကြောင့်မင်းအားနည်းနေပြီ"

ရင်းဒိုက သူ့ကိုခနဲ့ကာပြောနေတာမို့ ဆာပိုတိုမဲ ဒေါသထွက်
မိသည်။

Amiable Hybrid (Translation/Zaw+Uni)Tempat cerita menjadi hidup. Temukan sekarang