part 14 / uke လုပ်​ရမယ်​ဆို uncleက​တော့ noပါ​နော်

1.2K 100 2
                                    

part 14 / uke လုပ်​ရမယ်​ဆို uncleက​တော့ noပါ​နော်

ဆာအိုတိုမဲရဲ့ အစ်​ကိုဖြစ်​သူလဲ​ရောက်​လာ​ရော တခြားသူ
တွေက သူ့ရဲ့အ​ဆောင်​ထဲ လိုက်​ဖို့ကြိုးစားကြ​တော့သည်​။

(ဒီ​နေရာမှာ အရင်​အခန်း​​တွေတုန်းက authorက
ကိုယ်​စီအခန်း​​တွေပေးထားတယ်​လို့ ​ရေးထား​ပေမယ့်
ဒီpart မှာကျ​တော့အ​ဆောင်​လို့ ​ရေးထားလို့​နော်​ အဲဒီ့လို
ပဲရေးလိုက်​ပါ့မယ်​)

တစ်​​ယောက်​က​တော့ ဆာအိုတိုမဲကိုစပြီးတိုက်​ခိုက်
လိုက်​ပြီ။ လဲအို နဲ့ အခုမက​တော့ date​နေကြဆဲပဲ။
အလုတိကလဲ ရန်​မရုနဲ့တစ်​တွဲ။

တစ်​ခါမှမတည့်​တဲ့ အိဆမုနဲ့ ဟိုတရု​ကလဲ ဆာအိုတိုမဲကို
အပြိုင်​သ​ဘောကျ​နေကြဆဲ။

ဒါ​ပေမယ့်​ မကို အတွက်​​တော့ ပြိုင်​ဘက်​​တွေ​ကြောင့်
စိတ်​အ​နှောင့်​အယှက်​မဖြစ်​​ဘူး။ ဒါ​ပေမယ့်​ သူတို့​ကြောင့်​ ဆာအိုတိုမဲ ပြဿနာဖြစ်​ရင်​​တော့ နည်းနည်း​တော့J ၀င်
တာအမှန်​ပင်​။

ဆာအိုတိုမဲရဲ့ လက်​​လေးကို ဆုပ်​ကိုင်​ထားရတာကြိုက်​သည်​။
နှုတ်​ခမ်းသား​လေးရဲ့ ​နွေး​ထွေးမှုကိုခံစားကြည့်​ချင်​သည်​။ ပြီး
တော့နှစ်​နှစ်​ခြိုက်​ခြိုက်​ ပြုံးတတ်​သည့်​ အပြုံး​လေး​တွေကို သူ
သ​ဘောကျမိသည်​။

ဒါ​ပေမယ့်​ နည်းနည်းကွဲပြား​နေတာက ဆာအိုတိုမဲက မျိုးနွယ်
စပ်​ဖြစ်​​နေပြီး သူက​တော့ ​တောင်​ပံမည်းနဲ့အိန်​ဂျယ်​ဖြစ်​​နေတာ
ပင်​။ အလုတိလို ဖြူ​ဖွေးလှပတဲ့ ​တောင်​ပံမျိုးမဟုတ်​။

ဒါ​ကြောင့်​ သူ့ကိုယ်​သူ ယုံကြည်​မှုက နည်းပါးသည်​ဟု ဆိုရ
မလိုပင်​။ ဒါ​ပေမယ့်​လည်း လက်​​လျှော့မလားဆို​တော့ Noပဲ။
သူ့အတွက်​ အချစ်​ဆိုတာ ရယူဖို့မဟုတ်​ပါဘူး။ ​ဘေးက​နေ
ငေးကြည့်​​နေရုံ​လေးနဲ့တင်​ လုံ​လောက်​ပါသည်​။ ဒီအတိုင်း
လေးပဲ​ပေါ့။

သူချစ်​​နေတာကို မသိလဲဖြစ်​ပါသည်​။ ဆာအိုတိုမဲရဲ့ အပြုံး
လေး​တွေ၊နှစ်​နှစ်​ခြိုက်​ခြိုက်​ ရယ်​​မောတဲ့အမူအရာ​လေး​တွေ၊
ပြီး​တော့ စိတ်​တိုတဲ့အခါ ​အော်​တတ်​တာ​လေး​တွေ သူ ပြန်
တွေးမိတိုင်း ရင်​​တွေ တဒိန်းဒိန်းခုန်​​နေဆဲ။

Amiable Hybrid (Translation/Zaw+Uni)Tempat cerita menjadi hidup. Temukan sekarang