part 15 / ရေချိုးပစ်မယ် (warning)ဆာအိုတိုမဲ အမောတကောဖြင့်ပြေးလိုက်ပြီးနောက် ထောင့်
ချိုးတစ်နေရာသို့၀င်လိုက်သည်။ ထို့နောက် သူ့မှာပါလာသည့်
မျက်နှာသုတ်ပုဝါကိုထုတ်ကာ ချွေးစတို့ကိုသုတ်လိုက်သည်။သူဘာကြောင့်ထွက်ပြေးနေရပါသနည်း။ အဖြေကားရှင်း၏။
နတ်ဆိုးသခင်ဆိုသည့် မျိုးမစစ်ကောင်ကသူ့ကို sexအတွက်
အသုံးချချင်နေတာကြောင့် ဘယ်သူမှ မတွေ့အောင် ပုန်းရ
ခြင်းပင်။ ထိုအခိုက်မှာပဲ လဲအို သူ့ကိုမြင်သွားလေပြီ။"shit !!!"
သူခပ်တိုးတိုးဆဲရေးတော့ လဲအိုက စပ်ဖြီးဖြီးမျက်နှာနှင့်သူ့
အနား လျှောက်လာလေသည်။"ဟေ့ ဆာအိုတိုမဲ....."
ဆာအိုတိုမဲလဲ လဲအိုရဲ့စကားကို ဆုံးအောင်ပြောခွင့်မပေး
တော့ဘဲ အခန်းလွတ်တစ်ခုဆီ ဆွဲခေါ်သွားလေတော့သည်။
လဲအိုကတော့ မကြိုက်သည့်အလား သူ့လက်ကို ကုန်းကာ
ကိုက်လိုက်လေတော့သည်။ သို့သော်လဲ သူကတော့ ဂရု
မစိုက်နိုင်သေး။"တိတ်တိတ်နေစမ်းပါ"
အခန်းအပြင်က အသံကြားလိုက်တာကြောင့် ဆာအိုတိုမဲ
ခပ်တိုးတိုးမာန်မဲရင်း လဲအိုရဲ့ပါးစပ်ကို ပိတ်ထားလိုက်သည်။
ဒါပေမယ့် လဲအိုကအငြိမ်မနေဘဲ ရုန်းကန်နေဆဲ။နောက်ဆုံးတော့ ဆာအိုတိုမဲလဲ သူ့ခြေထောက်ကို မရပ်မနား
ကန်နေသည့် လဲအိုရဲ့ခြေထောက်တွေငြိမ်သွားစေဖို့ လဲအိုရဲ့
ခြေနှစ်ချောင်းကြား သူ့ူခြေထောက်သာထည့်ထားလိုက်တော့
သည်။ ကဲ...ဘာတတ်နိုင်သေးလဲ။ထိုအချိန်မှာပဲ အခန်းအပြင်က ရှဒိုးရဲ့ရေရွတ်သံကို သူကြား
လိုက်ရသည်။"စောစောက တစ်ယောက်ယောက်အသံကြားလိုက်ပါတယ်"
ထို့နောက်တစ်ခဏအတွင်းမှာပဲ တစ်စုံတစ်ယောက်နဲ့အတူ
ပြန်လှည့်လျှောက်သွားသံ ကြားလိုက်ရသည်။ သည်တော့မှ
ဆာအိုတိုမဲလဲ လဲအိုပါးစပ်ကိုအုပ်ထားသည့်လက်ကို ပြန်ဖယ်
လိုက်တော့သည်။ တစ်ချိန်တည်းမှာပဲ လဲအိုရဲ့ အော်သံက
ထွက်ပေါ်လာတော့သည်။
KAMU SEDANG MEMBACA
Amiable Hybrid (Translation/Zaw+Uni)
Vampirလူတွေနဲ့ ဝေးလွန်းတဲ့ ဟိုး တောနက်ကြီးထဲမှာနတ်ဆိုးလော ကကိုအုပ်ချုပ်ရတဲ့ 'နတ်ဆိုးသခင်ကြီး' ရှိသတဲ့။ တစ်နေ့မှာ တော့ ခပ်ဆိုးဆိုး demonတွေကိုဖမ်းဖို့ သူဆုံးဖြတ်ခဲ့တယ် တွေ့တာနဲ့ ရန်ဖြစ်နေကြတဲ့ ကောင်လေးတွေပေါ့... °°°°°°°°°° ဟိုတရ...