part 3-2 / ငါတို့၂ယောက်ကို မshipသင့်ပါ
အချိန်ခဏကြာတော့ ဆာအိုတိုမဲလဲ အလုတိကို
ဆိုဖာပေါ်ချပေးလိုက်ပြီး သူလဲထိုင်လိုက်သည်။ ထိုအချိန်
မှာပဲ အခြားသူတွေကလဲ လှေကားမှတစ်ဆင့် ဆင်းလာကြ
ပြီး ဧည့်ခန်းထဲ၀င်လာကြလေသည်။သူတို့ကိုပြူးကြည့်နေသည့် မျက်လုံးတွေက ချက်ချင်းပဲ
ထွက်ကျတော့မယောင်မို့ ဆာအိုတိုမဲ ကြောင်သွား
ရသည်။ အယ်....ငါတို့၂ယောက်ကို shipနေတာလို့
တော့ မပြောသင့်ပါနော်။ ငါcrush နေတာက
ဟိိုတရုပါဟ။ဆာအိုတိုမဲ စိတ်ထဲက အော်ငိုနေမိသော်လည်း
အလုတိ ကတော့ ပြုံးနေလေသည်။အခုမက ဆံပင်သပ်ရပ်စွာဖြီးထားပြီး အနက်ရောင်
ဂျင်းဘောင်းဘီနှင့် အနက်ရောင်ကုတ်ကို တွဲကာ၀တ်ဆင်
ထားလေသည်။ ခြေထောက်မှာလဲ အနက်ရောင် ရှူးဖိနပ်
စီးထားလေသည်။(author's note= အနောက်တိုင်း၀တ်စုံပေါ့နော် မူရင်းauthorကအရှည်ကြီးရေးထားတာမို့ လေပြေလဲအဲ့ဒီ့အတိုင်းပဲဘာသာပြန်လိုက်တယ်)
လဲအိုကတော့ ဆံပင်မသေမသပ်။ ခပ်ပွပွပုံစံဖြစ်နေသော်လဲ
အဖြူရောင်ကော်လံထောင် ရှပ်လေးနဲ့ အဖြူရောင် ဘောင်း
ဘီတိုပွပွ လေး၀တ်ထားတဲ့ သူ့ပုံစံလေးက ချစ်စရာကောင်း
နေဆဲ။ ဖိနပ်ကတော့ အနက်ရောင်လေးစီးထားလေသည်။မကိုကတော့သူ့ဆံပင်တွေကို ဒီတိုင်းပဲမဖြီးဘဲထား
လေသည်။ ၀တ်ထားသည့်ရှပ်အကျႌက အနက်ရောင်မို့
သူ့ကိုယ်ကကြွက်သားတွေကိုတော့ မမြင်ရ။ ဘောင်းဘီ
အနက်၊ ရှူးဖိနပ်လဲအနက်ပင်။အိဆမုကတော့ရှပ်ပေါ်မှာ နောက်ကွဲကုတ်အကျႌရှည်ကြီး
ကို၀တ်ထားသည်။ ဘောင်းဘီနဲ့ဖိနပ်ကလဲ ထိုနည်းတူစွာပဲ
အနက်ရောင်။ဟိုတရု ကတော့ sexyကျစွာပဲ အဖြူရောင်ရှပ်ကို အပေါ်ဆုံးကြယ်သီးနှစ်လုံးကိုမတပ်ဘဲ ဖြုတ်ထားပြီး အနက်ရောင်ဂျင်းဘောင်းဘီနှင့် အဖြူရောင်ရှူးကိုတွဲဖက်
၀တ်ဆင်ထားလေသည်။ဆာအိုတိုမဲ တစ်ယောက် သူ့ကိုမျက်တောင်မခတ်ဘဲ
ငေးကြည့်နေသည်ကို ဟိုတရု မြင်လိုက်တော့ နောက်ချင်
လာတာမို့ မျက်စိတစ်ဖက်မှိတ်ပြလိုက်လေသည်။
ရှဒိုးကတော့ ပြုံးလျက်သာ။ ခေါင်းမှာကဆံပင်တွေက
မသပ်မရပ်၊ ကိုယ်ပေါ်မှာတော့ နက်ပြာရောင်ရှပ်အကျႌနဲ့ အပြာရောင်ဂျင်းဘောင်းဘီတို့ကိ်ု၀တ်ထားသည်။
YOU ARE READING
Amiable Hybrid (Translation/Zaw+Uni)
Vampireလူတွေနဲ့ ဝေးလွန်းတဲ့ ဟိုး တောနက်ကြီးထဲမှာနတ်ဆိုးလော ကကိုအုပ်ချုပ်ရတဲ့ 'နတ်ဆိုးသခင်ကြီး' ရှိသတဲ့။ တစ်နေ့မှာ တော့ ခပ်ဆိုးဆိုး demonတွေကိုဖမ်းဖို့ သူဆုံးဖြတ်ခဲ့တယ် တွေ့တာနဲ့ ရန်ဖြစ်နေကြတဲ့ ကောင်လေးတွေပေါ့... °°°°°°°°°° ဟိုတရ...