part 2-2 / ညကကိစ္စ တောင်းပန်ပါတယ်

386 28 0
                                    


part 2-2 / ညကကိစ္စ တောင်းပန်ပါတယ်

လဲအို တစ်ယောက် ငိုလို့၀တော့ ဗိုက်ကတဂွီဂွီနဲ့ဆာလောင်
လာတော့သည်။ မီးဖိုခန်းထဲ၀င်သွားတော့ အထဲမှာဟိုတရု
က မနက်စာချက်နေပြီး လဲအို မျက်ရည်တွေကို သုတ်
လိုက်ရင်း၀င်သွားတော့ ဟိုတရုက လှည့်ကြည်လေသည်။

"လဲအို ဘာဖြစ်လာတာလဲ"

ဟိုတရု မေးတာကို လဲအို ပြန်မဖြေမိဘူး။ ဟိုတရု
ကိုကြည်မရလို့တော့မဟုတ်ပေမယ့် ပြန်ဖြေချင်စိတ်ကိုမရှိ
တာမို့.....

"အခုမနဲ့ ဆာအိုတိုမဲကကြိုက်နေတာထင်တယ်"

လဲအို ရင်ထဲခံစားနေရတဲ့အတိုင်းဖွင့်ချလိုက်တော့ ဟိုတရုက
ပြုံးပြီးပြောလေသည်။

"မဖြစ်နိုင်ပါဘူးပါတီပွဲတွေမှာမင်းတို့နှစ်ယောက်ကိုခနခန
ငါတွေ့နေတာပဲမင်းတို့နှစ်ယောက်လုံးချစ်နေကြတာပါ"

ဟိုတရု စကားအဆုံးမှာ လဲအို သူ့ကိုမော့ကြည့်လိုက်
မိသည်။သူကတစ်ကယ်သူများစိတ်ချမ်းသာအောင်ပြောတတ်
တာပဲ။

"မင်းကအရမ်းခင်ဖို့ ကောင်းတာပဲ"

လဲအို ပြောလိုက်တော့ ဟိုတရု ရီနေသည်။

"ဟုတ်ပါပြီ ငါကလူကောင်းမဟုတ်ပေမယ့် လူယုတ်မာလဲ
မဟုတ်ပါဘူးဒါပေမယ့် အိဆမု ကိုတော့ နည်းနည်းလေး
မှကို ကြည့်လို့မရတာ"

"ကျွန်တော်စိတ်ပူနေတာတွေပြေအောင် ပြောပေးလို့ကျေး
ဇူးတင်ပါတယ်"

လဲအို ပြောရင်း ဟိုတရု ကိုငြင်သာစွာပွေ့ဖက််လိုက်
သည်။ တစ်ချိန်ထဲမှာပဲ အခုမ ရောက်လာတော့သည်။

"ဒါကဘယ်လိုတွေဖြစ်နေကြတာလဲ"

အခုမ ကမိုးခြိမ်းသံလိုအသံမျိုးနဲ့ပြောရင်းမီးဖိုခန်းထဲ
၀င်လာပြီးနောက် လဲအိုရဲ့လက်ကောက်၀တ်ကိုဆောင့်ဆွဲပြီး
မီးဖိုခန်းထဲကနေခေါ်ထုတ်လာသည်။

"အ....အခုမ မင်းဘာလုပ်တာလဲ..ဘာလို့ ဟိုတရု
ရှေ့မှာရိုင်းပျရတာလဲ"

"မင်းပါးစပ်ကိုပိတ်ထား"

အခုမ......လဲအိုကိုပြန်အော်ရင်းအပေါ်ထပ်သူ့အခန်းဆီ
ဆွဲခေါ်သွားလေသည်။ သူ့ကိုအော်လိုက်တာ ကြောင့် လဲအို
ကိုယ်လေး ဆတ်ခနဲပင်တုန်သွားမိလေသည်။

Amiable Hybrid (Translation/Zaw+Uni)Where stories live. Discover now