part 11 / innocenceလေးမို့လုရမှာပဲအိဆမုတစ်ယောက် စင်္ကြံန်လမ်းအတိုင်းလျှောက်လာချိန်မှာ
ပဲ ဆာအိုတိုမဲတစ်ယောက် သူ့အခန်းထဲကနေ ပြေးထွက်
လာတာ တွေ့လိုက်ရသည်။ငိုရင်းပြေးထွက်လာတာမို့ ဘာဖြစ်လာတာလဲမေးပြီး အား
ပေးဖို့ဆုံးဖြတ်လိုက်သည်။ သူတို့၂ယောက်လုံးက hybrid
တွေပဲမဟုတ်လား။ ဒီတော့ တစ်ခုခုကြောင့် ခံံစားနေရရင်
အားပေးသင့်တယ်ဆိုတာ သူနားလည်သည်။ဆာအိုတိုမဲကစင်္ကြံန်လမ်းအတိုင်း ပြေးသွားပြီး အခန်းလွတ်
တစ်ခုထဲ ၀င်သွားတော့ အိဆမုလဲ နောက်ကမြန်မြန်လိုက်
်၀င်ပြီး တံခါးကိုပြန်ပိတ်လိုက်သည်။တံခါးပိတ်တဲ့အသံကြားတော့ ဆာအိုတိုမဲလှည့်ကြည့်ပြီး
နောက် တအင့်အင့်နဲ့ ငိုတော့သည်။ သူ့ကိုကြည့်ပြီး ငိုနေ
တာဆိုတော့ ကောင်းတာလား၊ ဆိုးတာလား အိဆမုလဲ
မသိတော့။"ဘာဖြစ်လာတာလဲ၊ မင်းအခန်းထဲကပြေး
ထွက်လာတာ ငါတွေ့လိုက်လို့"အိဆုမုက ဆာအိုတိုမဲကိုမေးရင်း သူ့ဘေးကဆိုဖာမှာ ၀င်
ထိုင်လိုက်သည်။ Saotomaeကတော့ဘာမှပြန်မပြော
ဘဲ ငိုသာငိုနေတာမို့ အိဆမုလဲကျောလေးကို အသာအယာ
ပွတ်ပေးပြီး နှစ်သိမ့်ပေးလိုက်သည်။"အဟင့် ငါ.. ငါငြင်းခံလိုက်ရတယ်....အဟင့် Ho...
Hotaruက ငါ့ကိုငြင်းလိုက်တယ် ငါ့အသက်အရွယ်နဲ့
မငိုသင့်မှန်း...အဟင့်....သိပါတယ် ဒါပေမယ့်......
အဟင့်........"Saotomae ငိုရင်းနဲ့ သူ့ခံစားချက်တွေကိုရင်ဖွင့်ရှာသည်။
ငိုနေတာတောင်မှ သူဟာချစ်ဖို့ကောင်းနေဆဲပဲ။ ဘုရားရေ!!
ငါအခု သူကချစ်ဖို့ကောင်းတယ်လို့ တွေးလိုက်တာလား။"သူကအဲဒီ့လ်ိုပြောချင်တာ မဟုတ်လောက်ပါဘူး သူစကား
လှအောင် မပြောတတ်တာနေမှာပါ ဒီကောင်တော်တော်
ဉာဏ်မရှိတာပဲ"အိဆမုရဲ့စကားအဆုံးမှာတော့ ဆာအိုတိုမဲလဲ ပျော်ရွှင်သွား
သည့်မျက်နှာနှင့်လှည့်ကြည့်လေသည်။"မင်းပြောတာ သေချာလို့လား"
ဆာအိုတိုမဲက မျက်ရည်တွေနဲ့ တဖျတ်ဖျတ်လက်နေတဲ့
မျှော်လင့်ချက်မျက်၀န်းလေးနဲ့ အိဆမုကိုကြည့်ကာမေးတော့
အိဆမုလဲ သူ့မျက်၀န်းလေးတွေကို ပြန်စိုက်ကြည့်ရင်း
နှလုံးသားတစ်ခုလုံး နစ်မြုပ်သွားသလို ခံစားလိုက်ရသည်။
أنت تقرأ
Amiable Hybrid (Translation/Zaw+Uni)
مصاص دماءလူတွေနဲ့ ဝေးလွန်းတဲ့ ဟိုး တောနက်ကြီးထဲမှာနတ်ဆိုးလော ကကိုအုပ်ချုပ်ရတဲ့ 'နတ်ဆိုးသခင်ကြီး' ရှိသတဲ့။ တစ်နေ့မှာ တော့ ခပ်ဆိုးဆိုး demonတွေကိုဖမ်းဖို့ သူဆုံးဖြတ်ခဲ့တယ် တွေ့တာနဲ့ ရန်ဖြစ်နေကြတဲ့ ကောင်လေးတွေပေါ့... °°°°°°°°°° ဟိုတရ...