part 4 - 1 / ကလေးလေးတဲ့လား
"ဆာအိုတိုမဲထွက်သွားတာ တော်တော်ကြာနေပြီ"
ဆာအိုတိုမဲထွက်သွားတဲ့ဘက်ကိုကြည့်ရင်း ရှဒိုး ပြောလိုက်
တော့ ဆအိရန်တိုကလှည့်ကြည့်လေသည်။"သေချာတစ်ခုပြောရမယ်ဆိုရင်တော့ သူကမင်းအနား မနေချင်လို့ပဲဖြစ်မယ်"
"ဒါပေမယ့်နည်းနည်းထူးခြားတယ်လို့ မင်းမတွေးမိဘူးလား
Clubက ခဏနေရင်ပိတ်တော့မှာ သူပြန်မလာသေးဘူးကွ
ဒီလောင်ချစ်စရာကောင်းတဲ့ ကလေးလေးကိုတစ်ယောက်
ယောက်ဒုက္ခမပေးနိုင်ဘူးလို့ မင်းအာမခံနိုင်သလားဟမ် ပြောစမ်းပါ ဘာလဲမင်းက သူဘာဖြစ်ဖြစ်ဂရုမစိုက်တာလား"ရှဒိုး စိတ်တိုစွာနဲ့အော်လိုက်တော့ ဆအိရန်းတိုက သူ့ကို
စိုက်ကြည့်လာလေသည်။"ကလေးလေးဟုတ်လား သူကမင်းထက်၆နှစ်တောင်
်ကြီးတယ်နော် အခေါ်အဝေါ်တွေ သတိထားသင့်တယ်""မင်းနဲ့မဆိုင်ဘူး ငါခေါ်ချင်သလိုခေါ်မယ်"
ရှဒိုးပြန်ပြောလိုက်တော့ စိတ်တိုနေတာမို့ မျက်လုံးတွေက
အနီရောင်ပင် သမ်းချင်နေလေပြီ။ သူကများငါ့အချစ်ကို
ဘယ်လိုထင်နေတာလဲ။ ပေါ့ပေါ့တန်တန်ထင်နေတာလား
မသိလာဝေဖန်နေတယ်။ အင်းပေါ့လေ သူကချစ်တတ်တဲ့
နှလုံးသားရှိသူမှမဟုတ်တာ။ရှဒိုးအတွေးတွေကို လက်စသတ်ပြီး သက်ပြင်းတစ်ချက်မှုတ်
ထုတ်လိုက်ပြီး ဆာအိုတိုမဲကိုရှာဖို့ ထွက်လာခဲ့တော့သည်။မိနစ်အနည်းငယ်အကြာမှာတော့ Club ကပိတ်ပြီမို့
သူတို့အားလုံး clubထဲမှထွက်ခဲ့ရသည်။ ဆာအိုတိုမဲက
တော့ ရှာမတွေ့တာမို့အထဲမှာ ကျန်နေခဲ့လေသည်။"အခုကျမင်းဘာမှမပြောနိုင်တော့ဘူးမလား ဆာအိုတိုမဲ
အထဲမှာဘာတွေဖြစ်နေပြီလဲဆိုတာ မင်းသိလားဟမ်ပြော
စမ်းပါ "
BINABASA MO ANG
Amiable Hybrid (Translation/Zaw+Uni)
Vampireလူတွေနဲ့ ဝေးလွန်းတဲ့ ဟိုး တောနက်ကြီးထဲမှာနတ်ဆိုးလော ကကိုအုပ်ချုပ်ရတဲ့ 'နတ်ဆိုးသခင်ကြီး' ရှိသတဲ့။ တစ်နေ့မှာ တော့ ခပ်ဆိုးဆိုး demonတွေကိုဖမ်းဖို့ သူဆုံးဖြတ်ခဲ့တယ် တွေ့တာနဲ့ ရန်ဖြစ်နေကြတဲ့ ကောင်လေးတွေပေါ့... °°°°°°°°°° ဟိုတရ...