part 3-1 / တခြားသူရှေ့မညည်းရ

257 33 0
                                    


part 3-1 / တခြားသူရှေ့မညည်းရ

အခုမ စိတ်တိုပြီးသူ့ကိုအော်တော့ လဲအို တစ်ယောက်
အခုမရဲ့ ရင်ခွင်ထဲတိုး၀င်လာပြီး....

"မင်းတစ်ယောက်တည်းသာငါ့ရဲ့အချစ်ပါ"

လို့ပြောလိုက်တော့  အခုမ... လဲအို ကိုရင်ခွင်ထဲမှာ
တင်းကျပ်စွာဖက်ထားလိုက်မိတော့သည်။

ခနနေတော့ လဲအိုက သူ့ကိုဖက်ထားတဲ့ အခုမရဲ့
ရင်ခွင်ထဲကနေ ရုန်းထွက်လိုက်ပြီး သူ့လက်ထဲမှာ ပါလာတဲ့
မုန့်ကိုပြလေသည်။ အခုမ လဲပြုံးပြီး ပါးစပ်ဟပေး
တော့ လဲအိုလဲ မုန့်တစ်ခုခွံ့ကျွေးလိုက်ကာ ရှက်ပြုံးလေး ပြုံးနေလေသည်။

Oh God!!!!!!!
သူရှက်နေတာလေးက သိပ်ချစ်ဖို့ကောင်းတာပဲ။

အခုမ.....လဲအို ကိုကြည့်ရင်းအသဲယားလာတာမို့
သူ့နားရွက်လေးတွေကို ခပ်ရွရွလေးပွတ်လိုက်တော့ သူမျက်လုံးမှိတ်ပြီးညည်းလိုက်သည်။ သူကတော်တော် စိတ်လှုပ်ရှားလွယ်တာပဲ။

"တစ်ခြားသူရှေ့မှာ အဲလိုမညည်းမိစေနဲ့နော် ကြားလား....
ငါမကြိုက်ဘူး"

အခုမ ဆူသလိုလေးပြောလိုက်တော့ လဲအို မျက်နှာ
လေးငယ်သွားလေသည်။ အခုမလဲ ပြုံးလိုက်ပြီးနောက်
လဲအိုကို သူ့ပေါင်ပေါ် ထိုင်စေလိုက်သည်။

"ငါ မင်းကိုချစ်တယ် လဲအို......"

"အင်း ငါရောပဲ မင်းကိုချစ်မိနေပြီထင်တယ်"

ဒီလိုနဲ့ သူတို့နှစ်ယောက် ချစ်သူတွေဖြစ်ခဲ့ကြသည်။ သိပ်
ရိုမဆန်ပေမယ့်ပေါ့။ တစ်ကယ်ဆို သူတို့က ဟိုအရင်ထဲက တစ်ယောက်နဲ့ တစ်ယောက် crushနေကြတာဖြစ်ပြီး
ဖွင့်မပြောခဲ့ကြဘူး။

ပြီးတော့ သူပြောနိုင်တယ်။ ဆအိရန်းတို နဲ့ ရှဒိုး
၂ယောက်လုံးက ဆာအိုတိုမဲ ကို crushနေကြတာ။
ူသူူကအသားလဲဖြူတယ်။ ကိုယ်လုံးလေးကလဲ သွယ်သွယ်
လေးနဲ့။

မျက်နှာလေးကလဲ ချစ်စရာကောင်းတယ်။ ဒါပေမယ့် သူ့မှာ
အခုပေါင်ပေါ်ထိုင်နေတဲ့ ချစ်စရာကောင်းတဲ့ Leoလေးရှိ
တယ်လေ။ ဒါကြောင့် သူကတော့ ဆာအိုတိုမဲကို
စိတ်မ၀င်စားပေါင်.....

Amiable Hybrid (Translation/Zaw+Uni)Where stories live. Discover now