part 2-1 / ဆရာကြီးလာမလုပ်နဲ့
သူတို့အားလုံးကို အခန်းတွေမှာ နေရာချပေးပြီးနောက်
ဆအိရန်းတို ပထမထပ်က သူ့အခန်းပြန်လာပြီး အိပ်ရာ
ဝင်လိုက်သည်။ ညမှောင်လာပြီမဟုတ်လား။ဒီလိုနဲ့ နောက်တစ်နေ့မနက်မိုးလင်းတော့ တာဝန်အရ
သူတို့အခန်းတွေကိုလိုက်စစ်ရသည်။ ထွက်ပြေးသူရှိ၊ မရှိ
ဆိုတာပေါ့။ဆအိရန်းတို ဒုတိယထပ်ကိုတက်လာခဲ့ပြီး အလုတ၊ လဲအို၊
မကိုနဲ့ အိဆမုတို့ရဲ့အခန်းတွေကို လိုက်စစ်ဆေးလိုက်သည်။ အလုတိကသူ့ရဲ့ကျောမှာရှိတဲ့ လှပတဲ့
တောင်ပံဖြူဖြူတွေကို ဖြန့်ကားလျှက် အိပ်စက်နေသည်။လဲအိုရဲ့အခန်းကိုသွားကြည့်တော့ သူလဲအိပ်နေတုန်းပဲ။
သူ့ကိုယ်မှာအ၀တ်တွေမရှိတော့တာမို့သူ့ရဲ့ဖြူဖွေးလှတဲ့
နားရွက်နဲ့အမြီးတွေတောင်မြင်နေရသည်။
(Leoကwerewolfပါနော် character's bioမှာ
ရေးထားပါတယ်)မကို ကတော့နိုးနေပြီး သူ့ရဲ့အမည်းရောင်တောင်ပံတွေ
ကို ပွတ်သပ်နေရင်းကနေ ဆအိရန်းတို ကို ပြုံးပြနေသည်။
အိဆမု ကတော့ အခွင့်အရေးကို အပြည့်အ၀အသုံးချတဲ့
အလားအိပ်နေတာဟောက်သံတွေတောင်ထွက်လို့ရယ်။ဒုတိယထပ်မှာ အားလုံးစုံတော့ ဆအိရန်းတို တတိယထပ်
ကို ဆက်တက်သွားလိုက်သည်။ တတိယထပ်မှာက
နတ်ဆိုး တွေအပြည့်နဲ့ မျိုးနွယ်စပ် ဆိုလို့ ဆာအိုတိုမဲ
တစ်ယောက်ထဲမို့ ဆအိရန်းတို နည်းနည်းတော့ စိုးရိမ်
မိသည်။ မနေ့က အခန်းပြောင်းပေးဖို့ပင် တောင်းဆိုသေး
သည်မဟုတ်လား။"ဆာအိုတိုမဲ ရေ ညကမင်းကောင်းကောင်း အိပ်ပျော်ပါစေ
လို့ပဲ ငါဆုတောင်းပါတယ်"ဆအိရန်းတို တစ်ယောက်ထဲ ခပ်တိုးတိုးပြောရင်း ပထမဆုံး
အခန်းရဲ့တံခါးကိုဖွင့်လိုက်တော့ ဟိုတရုကသူ့ရဲ့ရွှေရောင်
ဆံပင်တွေနဲ့အတူ လှမ်းကြည့်သည်။
(T/N-ပြောချင်တာက ဆံပင်လေးတွေပါ ခါသွားတယ်ပေါ့)
BINABASA MO ANG
Amiable Hybrid (Translation/Zaw+Uni)
Vampireလူတွေနဲ့ ဝေးလွန်းတဲ့ ဟိုး တောနက်ကြီးထဲမှာနတ်ဆိုးလော ကကိုအုပ်ချုပ်ရတဲ့ 'နတ်ဆိုးသခင်ကြီး' ရှိသတဲ့။ တစ်နေ့မှာ တော့ ခပ်ဆိုးဆိုး demonတွေကိုဖမ်းဖို့ သူဆုံးဖြတ်ခဲ့တယ် တွေ့တာနဲ့ ရန်ဖြစ်နေကြတဲ့ ကောင်လေးတွေပေါ့... °°°°°°°°°° ဟိုတရ...