part 6 - 2 / နောက်တစ်ကြိမ် ပြန်ပေးဆွဲခံရခြင်း

194 22 0
                                    


part 6 - 2 / နောက်တစ်ကြိမ် ပြန်ပေးဆွဲခံရခြင်း

ဆာအိုတိုမဲရဲ့ခါးကိုဖက်ထားရင်း အခုမအိပ်ချင်ဟန်ဆောင်
လိုက်သည်။ ဆာအိုတိုမဲ အနားယူဖို့လိုသည်လေ။ ခဏ
အကြာမှာတော့ ဆာအိုတိုမဲတစ်ယောက် ချစ်စရာကောင်း
စွာပဲ အိပ်ရင်း ဟောက်နေလေတော့သည်။

အခုမလဲ ခါးကိုဖက်ထားသည့် လက်ကိုအသာလေးထုတ်
လိုက်ကာ အခန်းအပြင်သို့ တိတ်တိတ်လေးပြန်ထွက်လာ
ခဲ့သည်။

"ဟိုလူ တစ်ခေါက်ပြန်လာလိမ့်မယ်လို့မင်းထင်လား"

အခန်းအပြင်ရောက်တော့ အလုတိကမေးရင်း အခုမ ဆီသို့
လျှောက်လာလေသည်။ ထို့နောက် အတူတူလှေကားမှ
အောက်ထပ််သို့ ဆင်းဖြစ်ကြသည်။

"အင်းသူပြန်လာနိုင်တယ် ဒါနဲ့အိမ်တော်၀န်းကျင်မှာဘာထူး
ခြားတာတွေ့မိသေးလဲ"

"ငါတော့ဘာမှမတွေ့မိဘူး ဒါပေမယ့်ဆအိရန်းတိုကတော့
သဲလွန်စရလိုက်တယ် ဒါပေမယ့် ငါတို့ကြည့်မယ်ဆိုတော့
ပျောက်သွားတယ် မရှိတော့ဘူး သနားစရာဆာအိုတိုမဲလေး
ငါတို့မရှိချိန် ဟိုလူကြောင့်ဘယ်လောက်တောင်ကြောက်
ခဲ့ရလဲမသိဘူး"

အလုတိက ကြမ်းပြင်ကို စိုက်ကြည့်ရင်းစိတ်မကောင်းစွာ
ပြောနေလေသည်။ ဒီကိစ္စနဲ့ပတ်သတ်ပြီး အလုတိလဲတော်
တော်စိုးရိမ်နေလေသည်။

"အကုန်လုံးအဆင်ပြေသွားမှာပါ"

အခုမလဲ အလုတိကို ပခုံးလေးပုတ်ကာ အားပေးလိုက်သည်။ ဟုတ်တယ်အဆင်ပြေသွားမှာပါလေ။ သူတို့နှစ်ယောက်
အောက်ကိုဆင်းလာတော့ ဆအိရန်းတိုက အိမ်တော်ထဲပြန်
၀င်သွားလေသည်။ အနားတစ်ယောက်ယောက် မရှိလျှင်
ဆာအိုတိုမဲ တစ်ခုခုထပ်ဖြစ်မှာ စိုး၍ထင်ပါသည်။

အခုမကတော့ လေပူတွေကို ဟူးခနဲမှုတ်ထုတ်ရင်းနတ်ဆိုး
သခင်ရှိသည့် အိမ်တော်ဆီ သွားဖို့ခြေလှမ်းတွေကိုစတင်
လိုက်သည်။

(T/A ရှေ့ခန်းမှာသတိထားမိရဲ့လားသူတို့နေရတဲ့အိမ်တော်
နဲ့ နတ်ဆိုးသခင်အိမ်တော်ကမတူဘူးနော် ၁၅မိနစ်လောက်
လျှောက်ရတယ်ဆိုတာ ပါတယ်နော်)

Amiable Hybrid (Translation/Zaw+Uni)Where stories live. Discover now