part 5 / ကုန်းပိုးခေါ်ရမှာလား

222 26 0
                                    

  part 5 / ကုန်းပိုးခေါ်ရမှာလား

"မင်းပင်ပန်းလာတာမို့အနားယူသင့်တယ်အိပ်လိုက်ဦးနော်"

ရှဒိုး ဆာအိုတိုမဲရဲ့ ကိ်ုယ်လေးက်ိုဖက်ထားရင်းပြောလိုက်
သည်။ တစ်ကယ်တော့ ရှဒိုးသူ့ကိုဆက်နမ်းချင်နေတုန်းပဲ။
ဒါပေမယ့် သူအရမ်းစိတ်ပင်ပန်းလာတယ်ဆိုတာလဲသိနေ
တာမို့ ကိုယ့်ကိုယ်ကို ထိန်းချုပ်လိုက်တာဖြစ်သည်။

ဆာအိုတိုမဲကတော့ ရှဒိုးရဲ့ ရင်ခွင်ထဲပိုတိုး၀င်လာပြီးခဏ
ကြာတော့အိပ်ပျော် သွားလေသည်။ ဆအိရန်းတိုလဲ ကားထဲ
၀င်လာပြီး ရှဒိုးရင်ခွင်ထဲက ဆာအိုတိုမဲကို လှမ်းကြည့်လေ
သည်။

ထို့နောက် တစ်ချက်စိုက်ကြည့်ပြီး "ရိုးသားပါ" တစ်ခွန်းသာ
ပြောပြီး အရှေ့ကိုပြန်လှည့်သွားလေသည်။ထို့နောက် ကားကို
ကျွမ်းကျင်စွာမောင်းပြီးအိမ်တော်ဆီသို့ ပြန်လာခဲ့တော့သည်။

ထို့နောက်အိမ်တော်ကိုပြန်ရောက်တော့ဆအိရန်းတိုကကား
အရှေ့တံခါးမှဆင်းသွားတာမို့ ရှဒိုးလဲဆာအိုတိုမဲက်ို ပွေ့ချီကာ
ကားပေါ်မှဆင်းဖို့ဟန်ပြင်လိုက်သည်။ထိုအချိန်ဆအိရန်းတို
ကကားနောက်ခန်းတံခါးက်ို ဖွင့်လိုက်သည်။

"ဟေး ပြန်လည်ကြိုဆိုလိုက်ပါတယ်ကောင်လေးတို့
ကောင်းလိုက်တဲ့ကြိုးစားမှုပဲ Did a good job! "

နတ်ဆိုးသခင်က အိမ်တော်အ၀ကနေလှမ်းအော်တော့
ရှဒိုး လှမ်းကြည့်မိသည်။

"သူအိပ်ပျော်နေတယ်ကြည့်ရတာတော့သူ့ကိုဆေးတစ်ခုခု
တိုက်ထားတာထင်တယ်"

ဆအိရန်းတိုကဧည့်ခန်းထဲ လျှောက်၀င်သွားရင်း နတ်ဆိုး
သခင်ကိုပြောလိုက်လေသည်။ ရှဒိုးလဲဆာအိုတိုမဲကိုပွေ့ချီ
လျက်နဲ့ပဲဧည့်ခန်းထဲ လိုက်၀င်လိုက်လေသည်။

"တခြားသူတွေရော ဘယ်ရောက်နေကြလဲ"

ရှဒိုးမေးလိုက်တော့ နတ်ဆိုးသခင်ရဲ့လူတစ်ယောက်က
သူ့ကိုလှမ်းကြည့်လေသည်။

"လွပ်လပ်ခွင့်ပေးထားလို့ အပြင်ထွက်သွားကြတယ်လေး
ယောက်က သခင်နေတဲ့အိမ်တော်ဆီကိုသွားတယ် ဒီကနေ
ဆို၁၅မိနစ်လောက် လမ်းလျှောက်ရင် အဲဒီကိုရောက်တယ်
တစ်ယောက်ကတော့ သူ့အခန်းထဲမှာအိပ်နေတယ်"

Amiable Hybrid (Translation/Zaw+Uni)Wo Geschichten leben. Entdecke jetzt