part 1 - 1 / ငြိမ်းချမ်းရေးရဲ့ တမန်တော်

1.1K 66 4
                                    

Unicode

part 1 - 2 / ငြိမ်းချမ်းရေးရဲ့ တမန်တော်

လူတွေနဲ့ ေ၀းလွန်းတဲ့ ဟိုး....တောနက်ကြီးထဲကတစ်နေရာ
မှာ ရဲတိုက်ကြီးတစ်ခု ရှိလေသည်။ တိတိကျကျ ပြောရရင်
တော့ နတ်ဆိုးသခင်ကြီးရဲ့နန်းတော်။

ဒါပေါ့! demon လောကကို အုပ်ချုပ်နေတဲ့ နတ်ဆိုးသခင်
ဆိုတာ တစ်လောကလုံး ပြိုင်စံရှားတဲ့ စွမ်းအားရှင်။ အမည်
ဂုဏ်သတင်းကလဲ ကျော်ကြားပြီး ထက်မြက်တဲ့သူတစ်
ယောက်။ ပြီးတော့ ငြိမ်းချမ်းရေးရဲ့ တမန်တော်။

ဒီလိုနဲ့ တစ်နေ့မှာတော့ နတ်ဆိုးတစ်ချို့ကို ဖမ်းဖို့အတွက်
သူဆုံးဖြတ်ခဲ့သည်။...အင်း....ပြောရမယ်ဆိုရင်တော့ ခပ်
ဆိုးဆိုး နတ်ဆိုးကောင်လေးတွေပေါ့.....၀ုံလွေလူသား
တစ်ချို့လဲပါသေးသည်။

တွေ့တာနဲ့ ရန်ဖြစ်နေကြတဲ့ ကောင်လေးတွေပေါ့...စုစုပေါင်း ၈ယောက်...။နတ်ဆိုးသခင်ကြီးက သူ့လူတွေကို ဒီကောင်
လေးတွေကို ဖမ်းခဲ့ဖို့ အမိန့်ပေးခဲ့လေသည်။

အဲဒီ့၈ယောက်မှာ သုံးယောက်က နတ်ဆိုးတွေဖြစ်ပြီးတော့
အဖြူရောင်တောင်ပံရှိတဲ့ အိန်ဂျယ်ရယ် ၊အနက််ရောင်တောင်
ပံတွေနဲ့ အိန်ဂျယ်ရယ်၊ ဝံပုလွေလူသားနဲ့ မျိုးနွယ်စပ်နှစ်
ယောက်ပေါ့။

(T/N- နှစ်ကောင်လို့မသုံးချင်လို့ နှစ်ယောက်လို့ပဲ သုံးမယ်
နော်)

***********************************

မိုးလင်းကနေ မိုးချုပ်ထိ တစ်နေ့လုံး အလုပ်လုပ်ပြီးတဲ့နောက်
ညနေစောင်းနေခဲ့ပြီ။ ဆာအိုတိုမဲ အတွက်လဲ အလုပ်ဆင်း
ချိန်ရောက်လေပြီ။

ဆာအိုတိုမဲလဲ အပြန် လမ်းတစ်လျှောက် တရွှီရွှီနဲ့လေချွန်
လိုက် သီချင်းလေး ညည်းလိုက်နဲ့ အိမ်ပြန်လာခဲ့သည်။

ဒီလိုနဲ့ လမ်းထောင့်ချိုး တစ်နေရာ အရောက်မှာတော့အနက်
ရောင်၀တ်စုံနဲ့ လူသုံးယောက်က သူ့ရှေ့မှာ ပိတ်ပြီးရပ်နေကြ
တော့သည်။ သူကြည့်နေစဉ်မှာပဲ.....

"ဆာအိုတိုမဲဆိုတာမင်းလား"

သူတို့ထဲကတစ်ယောက်က အထက်စီးဆန်ဆန် အသံနဲ့ မေး
လိုက်သည်။ သူခန့်မှန်းမိရသလောက် သူတို့ပုံစံတွေကလူ
ကောင်းတွေမဟုတ်တာမို့ သူလဲ လေသံမာမာ
နဲ့ပဲပြန်မေးလိုက်တော့သည်။

Amiable Hybrid (Translation/Zaw+Uni)Where stories live. Discover now