ညီမဖြစ်သူရဲ့ဆိုးသွမ်းမှုတွေကိုမလွန်ဆန်နိုင်တဲ့အကို
ကောင်းတစ်ယောက်ဖြစ်လို့နောက်ဆုံးမငြင်းနိုင်တော့ပဲ
ညီမရဲ့ခင်ပွန်းလောင်းဖြစ်သူကိုကိုယ်တိုင်လာတွေ့နေ
ရခြင်းဖြစ်သည်။ငယ်ငယ်ကတည်းကညီမကိုအလိုလိုက်ခဲ့ပြီးတောင်းဆို
သမျှဖြည့်ဆည်းပေးခဲ့သောကြောင့်အခုချိန်တွင်ဟောင်
လွန်းတဲ့ခွေးမလေးဆိုသလို လုပ်ပေးတာများလာတော့
ခိုင်းလက်စနှင့်ဆက်တို်ုက်ခိုင်းနေလေတော့သည်။ကိုယ့်ညီမဖြစ်သူနဲ့သဘောတူထားတဲ့ယောကျင်္ာလေး
တစ်ယောက်ကိုလာတွေ့နေရသည်မို့အခြေအနေတွေကပုံမှန်မဟုတ်ပဲနည်းနည်းတော့ထူးဆန်းနေမည်ဖြစ်
သည်။"ဟုတ်ကဲ့..ညီ့နာမည်က..?"
"မင်းခန့်မောင်ပါခင်ဗျ.."
"ဪ...ကိုယ့်နာမည်ကဇေယျာဟိန်းထက်ပါ.."
"ဟုတ်..ဒါနဲ့မြတ်နိုးကိုကိုက...?"
"ကိုယ်ကသူ့အကိုအရင်းပါ..သူမအားလို့ကိုယ်လာ
တွေ့တာပါ.."မင်းခန့်မောင်ရှေ့မှကော်ဖီအားတစ်ငုံငုံလိုက်ပြီးဇေ
ယျာဟိန်းထက်အားအကဲခတ်နေသည်။ဇေယျာဟိန်းထက်လည်းစည်းထားသော necktie အား
အနည်းငယ်လျှော့လိုက်ပြီးမသိမသာသက်ပြင်းချလိုက်
သည်။"အကိုကညီမကိုတော်တော်ချစ်ပုံပဲနော်.."
"ညီမလေးတစ်ယောက်တည်းရှိတော့ချစ်တာတော့
ချစ်ပါတယ်..ဒါပေမယ့်ဒီလိုကိစ္စတွေအထိလိုက်လုပ်
ပေးနေရတာတော့ညီ့ရှေ့မှာနည်းနည်းတော့ရှက်မိ
တယ်..""ရပါတယ် အကို.... ညီမချစ်တဲ့အကိုတွေကဒီအတိုင်း
ပါပဲ..ကျွန်တော်နားလည်ပါတယ်.."မင်းခန့်မောင်ကအသက်ငယ်သလောက်လူကြီးဆန်ပြီး
နားလည်မှုအပြည့်ရှိတာကိုဇေယျာဟိန်းထက်ရိပ်မိ
လိုက်သောကြောင့်ကိုယ့်ညီမအတွက်စိတ်သက်သာ
ရာရသွားသယောင်ရှိသည်။မင်းခန့်မောင်ကတော့ညီမကိုချစ်ပြီးအလိုလိုက်လွန်းတဲ့
အကိုနဲ့ရင်ဆိုင်လိုက်ရလို့သူယူမယ့်ဇနီးလောင်းအ
တွက်အနည်းငယ်တော့ရင်လေးမိသည်။
YOU ARE READING
Past and Future
Romanceသံယောဇဉ်တစ်ခုက ငါ့ရင်ထဲ အမြစ်တွယ်နေခဲ့ပြီ... အခုချိန်ထိ ငါတို့နှစ်ယောက်ရဲ့ အတိတ်ကအရာတွေကို ပြန်လိုချင်နေမိတုန်း.....