ကိုယ်ပူချိန်နည်းနည်းလျော့သွား၍လေးလံနေသောမျက်ခွံများပွင့်လာသည်။
လှုပ်မရသေးသောခန္ဓာကိုယ်ပေါ်ရှိအစိတ်အပိုင်းတစ်ချို့တွင်လက်လည်းအပါအဝင်ဖြစ်နေသည်။
မပွင့်တစ်ပွင့်မျက်ဝန်းလေးများဖြင့်လက်ကိုကြည့်လိုက်သောအခါတစ်စုံတစ်ယောက်၏လက်အားလည်းထပ်တူတွေ့လိုက်ရသည်။
ထိုလက်ပိုင်ရှင်အားကြည့်လိုက်သောအခါယောက်ဖဖြစ်သူဇေယျာဟိန်းထက်ဖြစ်နေကြောင်းတွေ့လိုက်ရ၍စောနလေးတင်ကပဲမပွင့်တစ်ပွင့်ဖြစ်နေသောမျက်လုံးအစုံတို့ပြူးကျယ်သွားရသည်။
ကောက်ကနဲထထိုင်လိုက်ကာလက်ကိုဖြုတ်လိုက်သောကြောင့်ဇေယျာဟိန်းထက်နိုးသွားသည်။
"မင်းခန့်.. နိုးပြီလား..?"
"ဗျာ.. ဟုတ်.."
ဇေယျာဟိန်းထက်လက်ပတ်နာရီအားကြည့်လိုက်၍-
"၂နာရီတောင်ရှိနေပြီပဲ.. မနက်လည်းအလုပ်သွားရဦးမယ် အိပ်တော့နော်.."
"ဟုတ်.."
အလုပ်မှပြန်လာကတည်းကအဝတ်အစားမလဲအနားမယူရသေးသောဇေယျာဟိန်းထက်လည်းသူ့အခန်းသို့ပြန်သွားလေသည်။
ထို့နောက်တစ်ညတာဟာမှိတ်တုတ်မှိတ်တုတ်ကြယ်လေးတွေကြားကနေ နေမင်းကြီးထွက်လာသည်အထိကုန်ဆုံးသွားလေသည်။
***************
Presentation အတွက်ပြင်ဆင်နေသောကာလတွင်ဘုန်းစစ်သွေးသည်သူနှင့်တစ်ဖွဲ့တည်းကျသောသွန်းရှိရာအိမ်သို့ဦးတည်ခဲ့သည်။
တံခါးလာဖွင့်သူရှင်းသန့်နှင့်တန်းတိုးလေသောအခါ-
"ဘာလာလုပ်တာလဲ?" ဆိုသည့်မျက်မှန်ကြားမှတစ်ဆင့်အကြည့်များအားခံလိုက်ရလေသည်။
ဂလုဟုမြည်သည်အထိမရှိမယ့်ရှိမယ့်တံတွေးလေးအားမျိုချလိုက်ပြီး-
"သွန်းရှိလား အကို.."
သွားတိုက်ဆေးကြော်ငြာသလားထင်ရအောင်ဖြီး၍မေးလိုက်သောကြောင့်ရှင်းသန့်မျက်မှောင်ကြုံ့ကြည့်ကာ-
"ရှိတယ်"
ခက်ထန်သောလေသံနောက်ဘုန်းစစ်သွေးလည်းကောက်ကောက်ပါအောင်အိမ်ထဲလိုက်သွားလေသည်။
YOU ARE READING
Past and Future
Romanceသံယောဇဉ်တစ်ခုက ငါ့ရင်ထဲ အမြစ်တွယ်နေခဲ့ပြီ... အခုချိန်ထိ ငါတို့နှစ်ယောက်ရဲ့ အတိတ်ကအရာတွေကို ပြန်လိုချင်နေမိတုန်း.....