ကြေးနီရောင်အုတ်ခဲနီများစီတန်းကာဆောက်လုပ်ထားသောရှေးပုံစံကျောင်းအဆောက်အအုံသည်အပြင်မှနေရောင်စူးစူးကြောင့်ပို၍နီရင့်နေသည်။
ဆေးနံရံအဖြူတစ်ချို့မှာကွာကျခါနီးဖြစ်နေပြီးလက်ကိုင်တန်းများမှာအနည်းငယ်နွမ်းနေပြီဖြစ်သည်။
"ဇွဲ...ငါတို့ဘယ်လိုလုပ်ကြမလဲ..."
"ငါလည်းမသိတော့ဘူးကွာ..."
ဇွဲခန့်ခအောင် ညည်းညူစွာပြန်ဖြေလိုက်ရင်း သက်ပြင်းတစ်ချက်မှုတ်ထုတ်လိုက်သည်။ သူ့ဘေးမှမင်းခန့်မောင်ကိုကြည့်ရင်း သူလည်း ကြံရာမရဖြစ်နေတော့သည်။
"ဖြစ်လာမှတော့ရင်ဆ်ိုင်ရမှာပဲကွာ...ဒါပဲရှိတယ်.."
အစိမ်းနုရောင်သုတ်ထားသော ၉ တန်းအဆောင်ကြီးကို စိတ်ပျက်လက်ပျက်ကြည့်ကာ မင်းခန့်မောင်ပြောလိုက်သည်။
စာသင်ခန်းထဲတွင် ကျောင်းသား၊ကျောင်းသူများ၏အသံများဖြင့် ဆူညံနေသည်။ ဆရာမ မဝင်လာသေးသောစာသင်ခန်းသည် သူတို့ပြောချင်သောအတင်းအဖျင်းအသံများနှင့်သာ ပြည့်နေတော့သည်။
မင်းခန့်နှင့်ဇွဲတို့လည်းအတန်းထဲမှလူတချို့အားကြည့်ရင်း နှုတ်ဆိတ်နေကြသည်။ ထို့နောက် ဆရာမဝင်လာပြီး ပျင်းရိစရာကောင်းသောစာသင်ချိန်များအားဖြတ်သန်းရတော့သည်။
ဆေးရောင်အနည်းငယ်လွင့်နေပြီဖြစ်သော တိုက်ဟောင်း ၃ လွှာပေါ်သို့ မင်းခန့်တက်သွားသည်။
အိမ်ထဲဝင်သောအခါ သူပျောက်သွား၍လိုက်ရှာနေခဲ့သော စက်ရုပ်သေးသေးလေးမှာ စားပွဲပေါ်တွင်စိတ်ညစ်၍ပြန်လာသောသူ့အားနွေးထွေးစွာကြိုဆိုနေသည်။
လွန်ခဲ့သော ၈ နှစ်ကပျောက်သွားခဲ့သော သူအကြိုက်ဆုံးစက်ရုပ်လေးကိုတွေ့လိုက်၍မင်းခန့်ချက်ချင်းဆိုသလိုပျော်သွားသည်။
အတိတ်တွင်ပျောက်သွားခဲ့သော ထိုစက်ရုပ်လေးအားမင်းခန့်ပြန်လည်ပိ်ုင်ဆိုင်ခွင့်ရနေပြီဖြစ်သည်။ သို့သော် ထိုပိုင်ဆိုင်ရမှုသည်
တစ်သက်တာလား
တစ်ဘဝလုံးစာလား
ခေတ္တခဏမျှသာလား
သူမပျောက်ခင်အချိန်ထိကာလအတွင်းလေးတွင်လား
ဆိုတာကိုတော့မင်းခန့်မသိနိုင်။"မင်းခန့်..ခဏနေ guide ဆရာလာမယ်နော်"
"ဗျာ..."
မင်းခန့်အံ့သြစွာမေးမိသည်။ မိခင်ဖြစ်သူအား အံ့အားသင့်စွာကြည့်မိသည်။ အလုပ်ကိစ္စဖြင့် US သွားနေ၍မတွေ့ရတာကြာပြီဖြစ်သောမိခင်၏မျက်နှာသည် ပို၍နုပျိုနေသည်။ သူ မင်္ဂလာမဆောင်ရခင်အချိန်ထိပင် အမေ့မျက်နှာ အနည်းငယ်အိုစာလာသည်ကိုသတိထားမိသော်လည်း ယခုအတိတ်ဘဝရောက်နေသော မိခင်၏မျက်နှာသည် အလွန်ပင်နုပျိုကာ လှချင်တိုင်းလှနေသည်။
အမေ့မျက်နှာအားမှင်သက်စွာကြည့်ပြီးမှ စောနက guide ဆရာလာမည်ဆိုသော အသိ ခေါင်းထဲပြန်ဝင်လာသည်။
"guide ဆရာလာမယ်... ဟုတ်လား မေမေ.."
"ဟုတ်တယ်လေ သား.. ဘာအံ့သြစရာရှိလို့လဲ.. သွား ရေသွားချိုးထား မေမေ ထမင်းပြင်ပြီးပြီ.."
"ဟုတ်..ဟုတ်ကဲ့.."
မျက်စိရှေ့ရောက်နေသောကြက်သားတုံးကြီးကိုပင်အပြစ်တင်ချင်စိတ်ဖြစ်ရအောင် မင်းခန့်စိတ်ညစ်နေပြီဖြစ်သည်။ ဘယ်တွေရောက်လို့ ဘာတွေဖြစ်နေမှန်းမသိတော့တဲ့ မင်းခန့် ရှေ့ဆက်ဘာဆက်လုပ်ရမည်မှန်းလည်းမသိတော့။
အနာဂတ်ကိုပြန်သွားလို့မရဘူးလားကွာ...
တကယ်တမ်းပြန်သွားရမည်ဆိုလျင်တောင် မင်းခန့်မသွားချင်။ စိတ်ထဲကရေရွတ်မိသော်လည်း မင်းခန့်သူ့ကိုယ်သူသိနေသည်။ မင်္ဂလာဝတ်စုံအဖြူရောင်ဂါဝန်လေးနှင့်လှနေလွန်းသော မိုးမခကို ဇေယျာဟိန်းထက်နှင့် သူဘယ်လိုမှယှဉ်တွဲမကြည့်နိုင်။
အရှေ့မှစားပွဲပေါ်တွင် တင်ထားသော Chemsitry ဖတ်စာအုပ်အား စိုက်ကြည့်ရင်း မင်းခန့်စိတ်ထဲ Acid နှင့် base ဓာတ်ပြုသလို အတွေးတစ်ခုနှင့်တစ်ခု ရောယှက်နေတော့သည်။
စေ့ထားသောအိပ်ခန်းတံခါးကိုဖွင့်ဝင်လာသောအရိပ်တစ်ခုတွေ့၍ မင်းခန့်ဖျက်ကနဲလှမ်းကြည့်လိုက်သည်။ တံခါးဖွင့်သံ ခပ်တိုးတိုးမှာ သူ့အတွက် ခြောက်ချားစရာဖြစ်နေသည်။
လိုက်ကာအနောက်မှမြင်နေရသော အရိပ်သည် မင်းခန့်ရင်းနှီးနေသော
အရပ်အမောင်း
ကိုယ်နေဟန်ထား
Chemistry စာအုပ်ကိုသာငုံ့၍စိုက်ကြည့်လိုက်သည်။ သူရင်မဆိုင်ရဲ။"ကျက်ခိုင်းထားတာတွေ ရပြီလား.."
ကြားဖူးနေသော အသံ...
မင်းခန့် မဝ့ံမရဲမော့ကြည့်လိုက်သည်။ နေ့တိုင်းမြင်တွေ့ခဲ့ရသောဒီမျက်နှာ....ဇေယျာဟိန်းထက်....
###
TBC
YOU ARE READING
Past and Future
Romanceသံယောဇဉ်တစ်ခုက ငါ့ရင်ထဲ အမြစ်တွယ်နေခဲ့ပြီ... အခုချိန်ထိ ငါတို့နှစ်ယောက်ရဲ့ အတိတ်ကအရာတွေကို ပြန်လိုချင်နေမိတုန်း.....