စပို့ရှပ်အပြာနုရောင်ကို ဂျင်းအရင့်ဖြင့်တွဲဝတ်ထားကာ လက်ထဲတွင်လည်း ကျောပိုးအိတ်အား ကိုင်ထားလျက် မင်းခန့်မောင် အရှေ့ရှိ ပေးထားသောခုံတွင် နေသားတကျ ဝင်ထိုင်လိုက်သည်။
ဇေယျာဟိန်းထက်....ခင်ဗျားကအတိတ်မှာကျွန်တော့်ဆရာဖြစ်ခဲ့တာလား.....
အနာဂတ်မှာ နေ့တိုင်းမြင်တွေ့ခဲ့ရသော သူ့ရုပ်သည် ဆရာဝန်တစ်ယောက်လို ခန့်ညားမနေပဲ သာမန် တက္ကသိုလ်ကျောင်းသားတစ်ယောက်လိုသာ ချောမောနေသည်။
မင်းခန့်နှုတ်ခမ်းတောင် မစေ့နိုင်ပဲ ဇေယျာဟိန်းထက် အား ငေးကြည့်နေရသည်။
အနာဂတ်နဲ့အတိတ်က ဒီလောက်တောင် ကွာတာလား....
"စာရပြီလား မင်းခန့်.."
"ဗျာ.."
ဇေယျာဟိန်းထက်မေးလိုက်မှ အသိစိတ်ပြန်ဝင်လာကာ သူ့ရှေ့မှသူသည် သူ့ယောက်ဖမဟုတ်ပဲ သူ့ဆရာ ဖြစ်နေကြောင်း မင်းခန့်ပြန်သတိရမိတော့သည်။
"definition တွေလေ.. ရပြီလား..."
"ဗျာ... ဟို..."
** *** **
"ဇွဲ...ငါအရမ်းစိတ်ညစ်နေပြီ..."
"ဘာလို့လဲကွ...."
အုတ်အဖြူပေါ်တွင် အမည်းရောင်စက်ကြားများဖြင့် ဆောက်လုပ်ထားသော နှစ်ယောက်ထိုင်ခုံပေါ်တွင် မင်းခန့်စိတ်ပျက်လက်ပျက်ဝင်ထိုင်ရင်း ပြောလိုက်သည်။
"အနာဂတ်က ငါ့ယောက်ဖက အခုငါ့ guide ဆရာ ဖြစ်နေတယ်..."
"ဘာ.... hahaha မင်းကတော့ဖြစ်ရမယ်... ရေစက်နဲ့တူတယ်..."
မင်းခန့်ဆဲမိသည်။ စိတ်ညစ်နေရတဲ့ကြားထဲ နောက်ပြောင်နေသော ဇွဲကို သူမဆဲပဲမနေနိုင်တော့။
စိမ်းစိုနေသော မြက်ခင်းပြင်သည်ပင် သူ့အား လှောင်ပြောင်နေသလို၊ တိမ်ဖုံးနေသော ကောင်းကင်ကြီးသည်ပင် သူ့အားငုံ့ကြည့်ကာ သရော်နေသလို မင်းခန့် စိတ်ထဲ ယိုးတို့ယွတဖြစ်နေသည်။
"တကယ်ဘာလုပ်ရမှန်းမသိတော့ဘူး...အဲ့ဒီဇေယျာဟိန်းထက်ဆိုတဲ့လူကြီးနဲ့ မတွေ့ချင်ပါဘူးဆိုမှကွာ... အခုတော့...."
YOU ARE READING
Past and Future
Romanceသံယောဇဉ်တစ်ခုက ငါ့ရင်ထဲ အမြစ်တွယ်နေခဲ့ပြီ... အခုချိန်ထိ ငါတို့နှစ်ယောက်ရဲ့ အတိတ်ကအရာတွေကို ပြန်လိုချင်နေမိတုန်း.....