ကောင်းကင်မှတိမ်မျှင်များကဲ့သို့ မှုန်မှိုင်းသော အပြာနုရောင် အိပ်ရာခင်းလေးပေါ်တွင် ခြေဆင်းထိုင်နေသော ရှင်းသန့်မြတ်ပိုင်။
လက်တစ်ဖက်ကို ဘောင်းဘီတိုလေးဝတ်ထားသော ပေါင်ပေါ်တင်ထားပြီး နောက်တစ်ဖက်မှာ နှုတ်ခမ်းကို ထိတွေ့နေသည်။
ပထမဆုံးအနမ်းကြောင့် ယခုအချိန်ထိ စိတ်လှုပ်ရှားနေမိသော ရှင်းသန့်မှာ နှုတ်ခမ်းများကို ပွတ်သပ်နေသည်။
ဘုန်းစစ်သွေးဆီက ရခဲ့သော ထိုအနမ်းကြောင့် ပျော်ရမလား ဝမ်းနည်းရမလား နားမလည်သော်လည်း လောလောဆယ်တော့ စိတ်လှုပ်ရှားကာ ရှက်နေမိသည်မှာ အမှန်ပင်။
"ကိုငယ် ကျွန်တော့်ကို မုန်းတယ်ဟုတ်လား... ဒါပေမယ့် အဲ့ဒီ အနမ်းတွေက ကျွန်တော့်ကို ချစ်တယ်လို့ ပြောနေတယ်..."
ထိုစကားတစ်ခွန်းသည် ရှင်းသန့်နားထဲ ပဲ့တင်ထပ်နေသည်။
ဘုန်းစစ်သွေးစုပ်ယူတာခံထားရသော နှုတ်ခမ်းများသည် အဆက်မပြတ်နာကျင်နေသည်။
သွယ်လျသောဘုန်းစစ်ရဲ့လက်များဖြင့် ထိတွေ့ခဲ့သော အထိအတွေ့များကြောင့် ရှင်းသန့်နှလုံးသားလေး
ဂနာမငြိမ် ဖြစ်နေရသည်။ထို့အပြင်
ပထမဆုံးအနမ်းမို့လည်း စိတ်လှုပ်ရှားနေရပြန်သည်။
ညိုညစ်ညစ်ရောင်ကြွေပြားများထက် တဗြန်းဗြန်းကျနေသောရေသံများသည် ဆူညံလှသည်။
ဘာမှမဝတ်ထားသောဘုန်းစစ်သွေးမှာ ရေဗန်းအောက် ဆံပင်များက်ို ထိုးဆွနေသည်။
ကျလာသောရေစက်များနှင့် မျက်နှာကိုအပ်လိုက်မိတော့ ရှင်းသန့်ရဲ့ ရှက်သွားတဲ့အမူအရာလေးကို မြင်ယောင်မိသည်။
ရှင်းသန့်ဘက်ကတုံ့ပြန်လာတဲ့ အနမ်းဟာ မဆိုစလောက်ဆိုပေမယ့်လည်း ဘုန်းစစ်ကို ရူးသွပ်စေသည်။
မသိသာတဲ့အနမ်းဆိုသော်လည်း တစ်သက်တာ မမေ့နိုင်တော့တဲ့ First Kiss ဖြစ်ခဲ့သည်။
ပထမဆုံးမို့ မကျွမ်းကျင်သောအနမ်းလေးမှာ ချစ်ဖို့ကောင်းလွန်း၍ ဘုန်းစစ်ပြုံးမိသည်။
YOU ARE READING
Past and Future
Romanceသံယောဇဉ်တစ်ခုက ငါ့ရင်ထဲ အမြစ်တွယ်နေခဲ့ပြီ... အခုချိန်ထိ ငါတို့နှစ်ယောက်ရဲ့ အတိတ်ကအရာတွေကို ပြန်လိုချင်နေမိတုန်း.....