ဇွဲခန့်ခအောင်။
လူစိမ်းဆို ကြောက်တတ်သော ဇွဲမှာ သူငယ်တန်းနှစ်စ ကျောင်းတက်ရမှာကို အလွန်ကြောက်ခဲ့သည်။
လူကြောက်တတ်သောကြောင့် မူကြိုဆရာမအား အိမ်ခေါ်သင်ပေးခဲ့ရသော်လည်း သူငယ်တန်း စ တက်ရမည့်အချိန်တွင် ကျောင်းသွားရန် အကြောက် တွန်းကန်နေခဲ့သည်။
ငိုယိုနေသော ဇွဲကို မိဘများ ချော့မော့ကာ ကျောင်းပို့ခဲ့သော်လည်း အတန်းထဲထိ အငိုမတိတ်နိုင်သော သူ့မျက်ရည်များကို ခမ်းခြောက်အောင် လုပ်နိုင်ခဲ့သူမှာ မင်းခန့်မောင်ပင်ဖြစ်သည်။
သူငယ်တန်း B တန်းတွင် မင်းခန့်မောင်နှင့်ဇွဲ အတူထိုင် ရသည်။ သွက်သွက်လက်လက် အဆော့သန်သူနှင့် သူစိမ်းဆို ကြောက်တတ်သော ဇွဲခန့် တို့ တွေ့ကြလေသည်။
မင်းခန့် ကျောင်းကို ယူလာသော စက်ရုံကို သဘောကျ၍ ဇွဲ အငိုတိတ်ခဲ့သည်။ ဆက်ဆံရေးကောင်းသော မင်းခန့်မှာလည်း မတွန့်တိုပဲ ဇွဲကို သူနှင့်အတူဆော့စေခဲ့သည်။
ဇွဲပျော်ခဲ့သည်။ လူစိမ်းတွေက ကြောက်ဖို့ကောင်းတယ် ဆိုသော ဘွားဘွား၏ စကားကိုပင် မယုံချင် ဖြစ်လာသည်။ မင်းခန့်က အရမ်းချစ်ဖို့ကောင်းပြီး ဖော်ရွေတော့ ကြောက်ဖို့ကောင်းတယ်လို့ သူ့စိတ်ထဲ နည်းနည်းလေးမှ မတွေးမိခဲ့။
သူငိုနေတိုင်း ချော့မော့ပြီး အတူဆော့ရန် ပြောတတ်သော မင်းခန့်သည် ဇွဲအတွက် ပထမဆုံး သူငယ်ချင်းတစ်ယောက်ဖြစ်ခဲ့သည်။
မင်းခန့်ကြောင့် လူမကြောက်တတ်တော့ပဲ ရဲဝံ့လာခဲ့သည်။ မင်းခန့်ကြောင့် လူတောတိုးလာသည်။ မင်းခန့်ကြောင့် ဖော်ရွေတတ်လာသည်။
မင်းခန့်ကြောင့်ပဲ....
ချစ်တတ်လာခဲ့သည်။
..................................
ကျွန်းစားပွဲခုံပေါ် ခြေတင်၍ ဂိမ်းဆော့နေသော ဘုန်းစစ်သွေး။
ခရီးကပြန်လာကတည်းက အပြည့်အဝ အနားယူမည်ဟုဆိုကာ စိတ်ပစ်လက်ပစ် အချိန်တွေကို ဖြုန်းနေတော့သည်။
ဒူးနှံ့ကာ လေလေးတစ်ချွန်ချွန်နှင့် ဂိမ်းဆော့နေသော ဘုန်းစစ်သွေး ခြေထောက်ပေါ်သို့ ကြိမ်လုံးတစ်လုံး ကျရောက်လာတော့သည်။
YOU ARE READING
Past and Future
Romanceသံယောဇဉ်တစ်ခုက ငါ့ရင်ထဲ အမြစ်တွယ်နေခဲ့ပြီ... အခုချိန်ထိ ငါတို့နှစ်ယောက်ရဲ့ အတိတ်ကအရာတွေကို ပြန်လိုချင်နေမိတုန်း.....