သွန်းတို့အိမ်မှဘုန်းစစ်သွေးထွက်ခွာသွားပြီးနောက်အိပ်ခန်းထဲမှအခန်းပြင်မထွက်ပဲစာကျက်နေခဲ့သောရှင်းသန့်လည်းဧည့်ခန်းသို့ထွက်လာခဲ့သည်။
လူတောမတိုးသည်တော့မဟုတ်ပေမယ့်ငယ်ငယ်ကတည်းကသူစိမ်းရှေ့ဆိုကြာကြာမနေတတ်သည်ကြောင့်ဘုန်းစစ်သွေးရှိသောဧည့်ခန်းတွင်ထွက်မလာခြင်းသာ။
ထို့အပြင်ညီမ၏ချစ်သူဖြစ်သောကြောင့်မနှောင့်ယှက်ချင်သည်လည်းပါပေသည်။
ရှင်းသန့်မှာစာကိုသာသည်းသည်းမဲမဲကြိုးစားသောစာဂျပိုလေးဖြစ်သလိုအေးအေးဆေးဆေးနေထိုင်တတ်သူတစ်ယောက်လည်းဖြစ်ပေသည်။
ကိုယ်နှင့်ရင်းနှီးခါစဆိုရင်သိပ်ဖော်ဖော်ရွေရွေမဆက်ဆံတတ်ပဲတကယ်ခင်မိသွားလျင်အရမ်းစွဲလမ်းတတ်သူလည်းဖြစ်သည်။
ထို့အတူသူတကယ်ချစ်မိသွားလျင်လည်းရူးရူးမူးမူးနှစ်နှစ်ကာကာချစ်တတ်သူတစ်ယောက်ဖြစ်သည်။
ညနေစောင်းအချိန်ဘုန်းစစ်သွေးအိမ်မှပြန်သွားပြီးနောက်ရှင်းသန့်အခန်းထဲမှထွက်လာပြီးထမင်းစားသည်။
ထို့နောက်ရေမိုးချိုးပြီး TV ကြည့်ကာစာပြန်ကျက်ရန်အခန်းထဲဝင်လာလေသည်။
အခန်းထဲရောက်သောအခါစာကြည့်စားပွဲတွင်ထိုင်၍စာအုပ်များထုတ်ကာကျက်မည်အပြင်ကုတင်ပေါ်တွင်တင်ထားသောသူ့မျက်မှန်အဝိုင်းလေးအားလှမ်းယူရန်ထလာစဉ်~
ဝင်းဝင်းလက်လက်ဖြစ်နေသောအရာလေးတစ်ခုအားကုတင်ဘေးတွင်ထင်ရှားစွာကျနေသည်ကိုတွေ့လိုက်ရလေသည်။
ရှင်းသန့်ကောက်ကိုင်ကြည့်လိုက်သောအခါဆွဲကြိးပါးပါးလေးတစ်ကုံးဖြစ်နေသည်ကိုအံ့သြစွာတွေ့လိုက်ရသည်။
ရှင်းသန့်ဟာမျက်မှန်သာတပ်တတ်သူဖြစ်ပြီးဆွဲကြိုး၊လက်ကောက်သိပ်ဝတ်ဆင်တတ်လေ့မရှိတာကြောင့်သူ့ဆွဲကြိုးမဟုတ်မှန်းသူချက်ချင်းသိလိုက်သည်။
ဘယ်သူ့ဟာများပါလိမ့်..? သူ့စိတ်ထဲတွင်ရေရွတ်စဉ်းစားနေချိန်နေ့လည်ကသူ့အခန်းထဲမှားဝင်လာသူကောင်လေးအားသွားသတိရမိလိုက်သည်။
YOU ARE READING
Past and Future
Romanceသံယောဇဉ်တစ်ခုက ငါ့ရင်ထဲ အမြစ်တွယ်နေခဲ့ပြီ... အခုချိန်ထိ ငါတို့နှစ်ယောက်ရဲ့ အတိတ်ကအရာတွေကို ပြန်လိုချင်နေမိတုန်း.....