<21>

1.2K 73 8
                                    

"အဲ့လိုနဲ့ Jim Hawkins က........$&@/:)-(/:@&.."

"ငါမင်းကိုချစ်တယ် မင်းခန့်.."

မင်းခန့်မောင် နားထဲ ဇေယျာဟိန်းထက်အသံနှင့် ဇွဲခန့်ခအောင် အသံများရောထွေးနေသည်။

သူ့အရှေ့မှာထိုင်ကာ စာရှင်းနေသောဇေယျာဟိန်းထက် အသံများမှာ ပေါ်လာလိုက် ပျောက်သွားလိုက်။

ဇွဲပြောခဲ့သောတစ်ခွန်းတည်းသောစကားကိုသာ နားထဲအထပ်ထပ်အခါခါပြန်ကြားယောင်မိနေပြန်သည်။

"မင်းခန့်မောင်..."

အသံမာမာမျက်နှာတင်းတင်းဖြင့်ခေါ်လိုက်မှ ပုခုံးတွန့်သွားရသည်အထိ သတိဝင်မိတော့သည်။

"ဗျ..ဗျာ...."

"Jim Hawkins ကဘာဖြစ်လဲ..."

"ဗျာ... ဘာ..ဘာဖြစ်တာလဲ..."

စာထဲတစ်စက်မှစိတ်မပါသော မင်းခန့်မောင်ကိုအငိုက်ဖမ်းလိုက်သော Guide ဆရာ၏ မေးခွန်းမှာ ပြတ်သားလှသည်။

"မင်းဒီလိုစာကိုစိတ်မပါရင် စာမေးပွဲဘယ်လိုဖြေမလဲ.."

ကိုယ့်အပြစ်ကိုယ်သိ၍ ခေါင်းငုံ့ကာ နှုတ်ဆိတ်နေသည်။

"အခုသင်နေတာ ဘာစာလဲဆိုတာရော သိရဲ့လား..."

"......"

"ငါ့မှာတော့ အာပေါက်အောင်ရှင်း.. မင်းကတော့ ဘာသင်လို့သင်နေမှန်းတောင် မသိ.. မင်းအမေကို ပြောမှဖြစ်တော့မယ်.."

"ဗျာ... မ..မပြောပါနဲ့.. ကျွန်တော် စာလုပ်ပါ့မယ်.."

"ဒီနေ့တော့ ဒီလောက်ပဲ.."

စိတ်ပျက်လက်ပျက်ဖြင့်လွယ်အိတ်ကိုင်ကာ နေရာမှ ချက်ချင်းထသွားသည်။

နောက်ပင်လှည့်မကြည့်။

"ဟယ်..သား..ဒီနေ့စောလှချည်လား.."

"ဟုတ် အန်တီ..."

"အေးပါကွယ်... ဂရုစိုက်ပြန်..."

မင်းခန့်မောင် သူ၏စားပွဲပေါ်မှ ဖွင့်လျက်ရှိသော အင်္ဂလိပ်စာ စာအုပ်နှင့် မျက်နှာအပ်ကာ ခေါင်းမှောက်ချလိုက်တော့သည်။

နောက်နေ့မနက်

အပေါ်ထပ်မှ မိုးမခ ကျောင်းသွားရန်အဖြူအစိမ်းလေးနှင့် ဆင်းလာသည်။

Past and Future Where stories live. Discover now