မပြေးရုံတမယ်လျှောက်လာသော မင်းခန့်မောင်ခြေလှမ်းများမှာ ဇွဲနေသောတိုက်အောက်သို့ရောက်ရှိလာသည်။
ကြုံသောနေရာတွင်ကားကိုပါကင်ထိုးပြီး စိမ်းပြာရောင်တိုက်ပေါ်သို့လျင်မြန်စွာပြေးတက်လာသည်။
တံခါးမခေါက်ဘဲလ်မတီးတော့ပဲ တံခါးကိုဆွဲဖွင့်လိုက်ပြီးဝင်သွားတော့ ဧည့်ခန်းမှရှုပ်နေသည့်အရာများကိုရှင်းလင်းနေသော ဇွဲကိုတွေ့လိုက်ရသည်။
"မြန်လိုက်တာ...ငါတောင်သန့်ရှင်းရေးလုပ်လို့မပြီး...."
"ဘုတ်..."
ရုတ်တရက်ပြေးဖက်လိုက်သောမင်းခန့်ကြောင့် ဇွဲလက်ထဲမှ ကြက်မွှေး ကြမ်းပြင်ပေါ်သို့လွတ်ကျသွားရသည်။
ဇွဲ ဘာလုပ်ရမှန်းမသိ ကြောင်တောင်တောင်ဖြစ်နေချိန် မင်းခန့်လက်များက ဇွဲကျောပြင်ကိုတင်းကြပ်စွာဆုပ်ကိုင်ထားသည်။
"မင်း..မင်းခန့်.."
"လွမ်းနေတာ..."
မင်းခန့်စကားကြောင့် ဇွဲမျက်ရည်များဝဲသည်အထိ ပျော်မိသည်။
တို့လို့တန်းလန်းဖြစ်နေသော လက်နှစ်စုံဟာ ယခုအချိန်တွင်တော့ မင်းခန့်ကျောပြင်ပေါ်သို့ရောက်ရှိလို့လာသည်။
မင်းခန့်ကိုတင်းကြပ်စွာဖက်ထားသော ဇွဲလက်များမှာ ပူနွေးနေသည်။
"ဒါနဲ့ မင်း.. ဘယ်လိုလုပ်..."
"ငါကွာရှင်းလိုက်ပြီ...."
"ဟမ်..."
အေးဆေးတည်ငြိမ်စွာပြောလိုက်သော မင်းခန့်စကားကြောင့် ဇွဲအံ့သြသွားသည်။
"အခုမင်းနဲ့အတူနေလို့ရပြီ..."
ပြောရင်းဆိုဖာပေါ် အိကနဲထိုင်ချကာ ခြေချိတ်လိုက်သော မင်းခန့်ကို ဇွဲအံ့အားသင့်စွာကြည့်နေမိဆဲပင်ဖြစ်သည်။
"ဇွဲခန့် မင်းမပျော်ဘူးလား..."
မျက်မှောင်ကြုတ်ကာမေးလိုက်သောမင်းခန့်ကို မကြည့်ပဲ ကြမ်းပြင်ပေါ်ကျနေသောကြက်မွှေးကိုကောက်ကာနေရာတွင်ပြန်ချိတ်လိုက်သည်။
YOU ARE READING
Past and Future
Romanceသံယောဇဉ်တစ်ခုက ငါ့ရင်ထဲ အမြစ်တွယ်နေခဲ့ပြီ... အခုချိန်ထိ ငါတို့နှစ်ယောက်ရဲ့ အတိတ်ကအရာတွေကို ပြန်လိုချင်နေမိတုန်း.....