<11>

2K 111 5
                                    

ကားဘရိတ်အုပ်လိုက်သောအခါအိပ်ချင်မူးတူးနှင့်ရှင်းသန့်လန့်နိုးသွားသည်။

အိပ်မှုန်စုတ်ဖွားနှင့်အိမ်ရှိအိပ်ရာဟုမှတ်ကာထပ်မံအိပ်ဖို့ပြင်လိုက်သောအခါမအိစက်မညက်ညောသောအရိုးပေါ်ရောက်နေသောခေါင်းပေါ်မှခံစားချက်အားသူသတိထားမိသွားသည်။

ထို့ကြောင့်ဘေးကိုကြည့်လိုက်မှဂျူနီယာဘုန်းစစ်သွေးအားတွေ့လိုက်ရပြီးရှက်ကိုးရှက်ကန်းနှင့်ခေါင်းကိုချက်ချင်းပြန်မတ်လိုက်သည်။

"အကို..အိပ်ပျော်သွားတာ..ကျနော့်ပုခုံးပေါ်မှာ..."

"....."

"နေထိုးမှာစိုးလို့အကို့မျက်နှာကိုတောင်ကျနော်ကာပေးလိုက်သေးတယ်..."

"....."

ဘုန်းစစ်ပြောသောစကားများအားတုံ့ပြန်ခြင်းမရှိရုပ်တည်ဖြင့်နားထောင်၍ပြတင်းပေါက်ဘက်လှည့်ကာအပြင်သို့ငေးလိုက်သည်။

ဘုန်းစစ်လည်းဘာမှဆက်မပြောတော့ပဲရှင်းသန့်၏ဘေးတစ်စောင်းမျက်နှာလေးကိုတစ်စိမ့်စိမ့်ကြည့်နေသည်။

နားကြပ်အားပြန်တပ်၍အနောက်မှီကာမှေးနေလိုက်သည်။

ခေတ္တမျှကြာသောအခါကားခဏရပ်၍နေ့လည်စာစားကြရန်အားလုံးကားပေါ်မှဆင်းကြသည်။

မိတ္ထီလာမြို့၏ပူပြင်းသောနေရောင်အောက်တွင်နည်းပညာကျောင်းသား၊ကျောင်းသူများအားလုံးအသီးသီးကားပေါ်မှဆင်းလာကြပြီးစားသောက်ဆိုင်ထဲဝင်ကြသည်။

ဘုန်းစစ်ကားပေါ်မှဆင်းသောအခါသွန်းဆင်းလာမည်ကိုစောင့်နေလိုက်ပြီးနှစ်ယောက်သားအတူသွားဖြစ်ကြသည်။

ရှင်းသန့်လည်းသူငယ်ချင်းများနှင့်အတူဝိုင်းဖွဲ့၍ပျော်ရွှင်စွာစားသောက်နေသည်။

ဘုန်းစစ်နှင့်သွန်းတို့အတွဲကတော့နှစ်ယောက်တည်းသာ သာယာနေကြသည်။

ရှင်းသန့်တို့ဝိုင်းလည်းရှင်းသန့်ကလွဲ၍သူငယ်ချင်းများအားလုံးစကားပြောရယ်မောသံများနှင့်သာပြည့်နှက်နေသည်။

ရှင်းသန့်၏အကြည့်များသည်ဘုန်းစစ်နှင့်သွန်းတို့ဆီမှာသာရှိနေပြီးဘုန်းစစ်၏အကြည့်များလည်းရှင်းသန့်တို့ဝိုင်းနားတွင်ပတ်လည်ရိုက်နေသည်။

Past and Future Where stories live. Discover now