<10>

2K 147 4
                                    

"မိုးမခ..."

"မောင်.."

စိမ်းစိုနေသောမြက်ခင်းပြင်ပေါ်ရှိဖြူဖွေးနေသောခြေတံလေးနှင့်အတူမိုးမခ မင်းခန့်မောင်ဆီသို့လှမ်းလာသည်။

ထိုအချိန်ပတ်ဝန်းကျင်ရှိအရာများအားလုံးရပ်တန့်သွားသကဲ့သို့နှစ်ဦးတည်းသာအကြင်နာအကြည့်များနောက်နွေးထွေးစွာဖက်ထားကြသည်။

"လွမ်းနေခဲ့တာ...."

"တူတူပါပဲ...."

ကြင်နာစွာဖက်ထားမှုနောက်နှစ်ပေါင်းများစွာမထိတွေ့ခဲ့ရသောအနမ်းများပါ ပါလာလေသည်။

ပိုးသားကဲ့သို့နူးညံ့သောမိုးမခ၏နှုတ်ခမ်းသားများကိုမင်းခန့်မောင်နက်ရှိုင်းစွာစုပ်ယူနေသည်။

မိုးမခ၏တုံ့ပြန်လိုက်သောဆွဲဆောင်မှုရှိသည့်အနမ်းများကလည်းမင်းခန့်မောင်အားတစ်ဖန်မိန်းမောစေသည်။

"ကိုတို့အစကပြန်စရအောင်...."

"Omm..."

ထို့နောက်မိုးမခလက်လေးအားတွဲကာမြက်ခင်းပြင်ပေါ်မှဆင်း၍အဝေးတစ်နေရာသို့နှစ်ယောက်သားထွက်ပြေးခဲ့ကြသည်။

အဝေးဆုံးထိမလွှတ်တမ်းကိုင်ထားသည့်လက်များအားကျစ်ကျစ်ပါအောင်ဆုပ်ကိုင်ထားပြီးပြေးလာခဲ့ကြသည်။

လေဆန်ရာဘက်သို့မိုးမခနှင့်မင်းခန့်မောင်တို့နှစ်ယောက်ပြေးလာကြသည်။

လမ်းမကြီးတစ်ခုပေါ်အရောက်တွင်အဝေးမှလာသောအရှိန်မထိန်းနိုင်သောကားတစ်စီးနှင့်အရှိန်ဖြင့်ပြေးလာသောသူတို့နှစ်ယောက်နှင့်ထိပ်တိုက်တွေ့တော့သည်။

နှစ်ယောက်လုံး၏နောက်ဆုံးထွက်သက်သည်လမ်းပေါ်တွင်ကျနေသောသွေးများနှင့်ကားမှထွက်လာသောဓာတ်ငွေ့များနှင့်သာရောကာလုံးထွေးသွားသည်။

နောက်ဆုံးထိလက်မလျှော့ပဲလက်တွဲမဖြုတ်ခဲ့ကြတဲ့အရမ်းချစ်ကြတဲ့ချစ်သူနှစ်ဦးသည်အသီးသီးလက်များသွယ်ယှက်ထားလျက်နှင့်ပင်အဆုံးသတ်သွားကြသည်။

"အားးးးးးးးးးး.....!!!!!!!!   မိုးမခ...!!!"

အိပ်ရာပေါ်တွင်ချွေးစေးများနှင့်ငယ်သံပါအောင်အော်ပြီးမင်းခန့်မောင်ထထိုင်လိုက်သည်။

Past and Future Where stories live. Discover now