<20>

1.3K 72 13
                                    

ဒိုင်ယာရီစာအုပ်ကို ဖွင့်လျက်ဆုပ်ကိုင်ထားသော ဘုန်းစစ်သွေးလက်များ တဆတ်ဆတ်တုန်ယင်လာသည်။

မထင်မှတ်ထားခဲ့သောအမှန်တရားတစ်ခုကို မထင်မှတ်ပဲသိလိုက်ရသည်။

မတော်တဆဆိုပေမယ့် သေချာနေတဲ့ဒီလျှို့ဝှက်ချက်ကို ဘုန်းစစ်သွေး အံ့သြစွာ သိလိုက်ရပြီးဖြစ်သည်။

လက်ထဲမှစာအုပ်ကို ကမန်းကတန်းစားပွဲပေါ်ပြန်တင်ပေးပြီး အခန်းထဲမှ ခပ်သုတ်သုတ်ထွက်လာခဲ့လိုက်သည်။

"သွန်း..ကို..ပြန်သွားပြီ...နောက်နေ့မှပဲ လာတော့မယ်.. မနက်ဖြန် ကျောင်းမှာတွေ့မယ်နော်.."

ချိုချိုသာသာပြောတတ်သော ဘုန်းစစ်သွေးအကျင့်ကြောင့် ချစ်သူဖြစ်သောသွန်းခတ်နွယ်ဆီ ချိုသာသော Message တစ်စောင်ကို အကျိုးကြောင်းသင့်လျော်စွာ ပို့၍ တိတ်ဆိတ်ခြောက်ကပ်နေသော အထီးကျန်လှသည့် အိမ်ကြီးထဲမှ ထွက်လာခဲ့လိုက်တော့သည်။

"ငဘုန်း.."

အကြိမ်ပေါင်းများစွာခေါ်နေသော ဆူညံကျယ်လောင်သည့်အသံများသည် ဘုန်းစစ်သွေးနားထဲမရောက်။

မနေ့ကတွေ့ခဲ့သော လက်ရေးဝိုင်းများကိုပဲ နာကျင်စွာ မြင်ယောင်နေမိသည်။

"ဟေ့ကောင်.. ခေါ်နေတာကြားလား.."

"ဟမ်.. ဘာ..ဘာလဲ.."

"မင်းတစ်နေ့လုံး ဘာဖြစ်နေတာလဲ.. ငူငိုင်ငိုင်နဲ့.."

"ဘာမှမဖြစ်ပါဘူး.. အိပ်ရေးမဝလို့ပါ.."

ဟောင်ပွာဟောင်ပွာ ပြောတတ်သောသူငယ်ချင်းအုပ်စုကို ထားခဲ့၍ အပြင်ထွက်လာသည်။

နေ့လည် ၁၂နာရီဟာ ထမင်းစားချိန်ဖြစ်သော်လည်း ဘုန်းစစ်သွေး ဘာမှမစား။

စားချင်စိတ်နည်းနည်းလေးမှမရှ်ိပဲ ရင်ထဲ ထိုလက်ရေးဝိုင်းများက ပြည့်နှက်နေသည်။

နာကျင်လှသည်ထက် သနားစိတ်က စိုးမိုးလာသည်။

Corridor တွင် ရပ်ကာ ငေးငိုင်နေသော ဘုန်းစစ်သွေးဘေးမှ ရှင်းသန့်မြတ်ပိုင်နှင့် သူငယ်ချင်းတစ်ချို့စကားပြောကာ ဖြတ်သွားကြသည်။

Past and Future Where stories live. Discover now