ပိုက်ဆံမက်သောသွန်းခတ်နွယ်ဟာသူဌေးသမီးမြတ်နိုးကိုကိုနှင့်လုပ်ခဲ့သမျှအပေးအယူများအပေါ်အခွင့်ကောင်းယူခဲ့သည်။
*flashback starts*
"ညီမက...??? ဒီမင်္ဂလာဝတ်စုံကြီးကိုဝတ်ရမယ်..??"
"Omm...ကူညီပါကွာ..နော်.. အရေးကြီးနေလို့ပါ.."
"မရဘူး...ကျောင်းနောက်ကျနေပြီ..ဒါတော့မကူညီနိုင်ဘူး ပြီးတော့နောက်တစ်ခါလူတစ်ယောက်ကိုခွင့်မကောင်းပဲအတင်းလက်ဆွဲမပြေးပါနဲ့.. ဘယ်သူမှကြိုက်မှာမဟုတ်ဖူး..."
"ဒီတစ်ခုတော့မင်းကူညီမှရမယ်.. အရမ်းအရေးကြီးနေလို့ပါ.. မင်း uniform ကိုဝတ်ပါရစေ.."
"ဟာ! မရဘူးလို့..!! ဒီလိုအကူအညီမျိုးကိုတော့မကူညီပေးနိုင်ဘူး sorry ပါ.."
Toilet ထဲတွင်အချေအတင်ငြင်းနေကြရမှသွန်းခတ်နွယ်သည်မြတ်န်ိုးကိုကိုနားမှထွက်လာခဲ့ရန်ပြင်တော့သည်။
မြတ်နိုးကိုကိုဟာခိုကိုးရာမဲ့အကူအညီလိုနေချိန်အနားတွင်ရှိသောကောင်မလေးကလည်းကူညီဖို့ငြင်းဆန်နေသောကြောင့်ဦးနှောက်ခြောက်နေပြီဖြစ်သည်။
သွန်းခတ်နွယ်သည်မြတ်နိုးကိုကိုအားလှည့်ပင်မကြည့်တော့ toilet အပေါက်ဝတွင်အပြင်ထွက်ရန်ပြင်နေချိန်-
"မင်းလိုချင်တာပေးမယ်.."
"..."
သွန်းခတ်နွယ်စိတ်ဝင်စားသွား၍တစ်ချက်လှည့်ကြည့်ကာအကဲခတ်လိုက်သည်။
"မင်းလိုချင်တာပေးမယ်.. မင်း Bank acc ထဲကိုပိုက်ဆံလွှဲပေးမယ်.. amount ကိုလည်းမင်းစိတ်ကြိုက်ပြောနိုင်တယ် ကျောင်းနောက်ကျလည်းစာတွေပြန်ကူးပေးမယ် ဒီတစ်ခုတော့ကိုယ့်ကိုကူညီပေးပါ.."
"ပိုက်ဆံလွှဲပေးမယ်..??"
ပိုက်ဆံဆိုတဲ့အသံကြားတာနဲ့သွန်းခတ်နွယ်ရဲ့ခြေလှမ်းတွေရပ်တန့်သွားပြီးမျက်နှာအရောင်တွေလည်းဖျက်ကနဲလက်သွားသည်။
မြတ်နိုးကိုကိုဟာလည်းသူဌေးသမီးပီပီငယ်ငယ်ကအကျင့်အတိုင်းလိုချင်တာကိုပိုက်ဆံနဲ့ကိုင်ပေါက်တတ်တာကြောင့်သွန်းခတ်နွယ်လိုပိုက်ဆံမက်တဲ့ကောင်မလေးကိုလည်းသူချုပ်ကိုင်နိုင်လိုက်သည်။
YOU ARE READING
Past and Future
Romanceသံယောဇဉ်တစ်ခုက ငါ့ရင်ထဲ အမြစ်တွယ်နေခဲ့ပြီ... အခုချိန်ထိ ငါတို့နှစ်ယောက်ရဲ့ အတိတ်ကအရာတွေကို ပြန်လိုချင်နေမိတုန်း.....