အတန်းထဲတွင် ရှင်းသန့်မြတ်ပိုင် တစ်ယောက်တည်း စားပွဲပေါ်တွင် ခေါင်းမှောက်အိပ်နေသည်။
မနက်အစောကြီး ဘယ်သူမှမရောက်သေးသော အတန်းထဲတွင် ရှင်းသန့်တစ်ယောက်တည်း အိပ်နေသည်။
အခန်းထဲတစ်စုံတစ်ယောက်ဝင်လာသော ခြေသံကြားလို့ မော့ကြည့်လိုက်တော့ ကျောပိုးအိတ်ကို တစ်ဖက်တည်းလွယ်ထားသော ဘုန်းစစ်သွေးကို တွေ့လိုက်ရသည်။
မျက်မှန်ချွတ်ကာ မျက်လုံးများကိုပွတ်လိုက်ပြီး ဘုန်းစစ်သွေးကို ကြည့်လိုက်သည်။
ဘုန်းစစ်သွေး ဘာမှမပြောပဲ ရှင်းသန့်နှင့်မျက်နှာချင်းဆိုင်ခုံတွင် ပြောင်းပြန်လှည့်ထိုင်လိုက်သည်။
ရှင်းသန့် ဘာလဲဆိုသောအကြည့်နှင့် ကြည့်နေပေမယ့် ဘုန်းစစ်ကတော့ တည်ငြိမ်စွာပင် ဆက်ကြည့်နေသည်။
ထို့နောက် စားပွဲပေါ်တင်ထားသော ရှင်းသန့်လက်သွယ်သွယ်များကို လှမ်းကိုင်လိုက်သည်။
ကျယ်ပြန့်သောဘုန်းစစ်ရဲ့ လက်ဖဝါးများထဲ ရှင်းသန့်၏ သေးသွယ်သောလက်ချောင်းများ ရောက်သွားသည်။
"ကိုငယ် သွန်းအတွက် စိတ်ပူမနေပါနဲ့.."
"မင်းဘာကိုပြောချင်တာလဲ.."
ရှင်းသန့် နားမလည်စွာဖြင့် မျက်မှောင်ကြုတ်ကာ မေးလိုက်သည်။
"ကျွန်တော့်ကို ရှောင်ဖို့ကြိုးစားနေတာ သွန်းကြောင့်ဆိုတာ ကျွန်တော် သိပါတယ်..."
ဘုန်းစစ် စိတ်မကောင်းစွာဖြင့် မျက်နှာကိုငုံ့၍ ပြောလိုက်သည်။
ဒီတစ်ခါပြောလိုက်သောလေသံမှာ စောနကထက် တိုးညင်းသည်။
ရှင်းသန့်ကိုကိုင်ထားသောလက်များလည်း မသိမသာ လျော့သွားသည်။
"ကိုငယ်က သွန်းကို အဲ့လောက်ပဲချစ်တာလား.. ကိ်ုယ့်ညီမအရင်းမဟုတ်တာတောင်မှလား.."
"သူတို့မိသားစုက ငါ့အပေါ်ကျေးဇူးတွေအများကြီးရှိလို့ အဲ့ဒီကျေးဇူးတွေကို ပြန်ဆပ်တယ်လို့ပဲ သဘောထားလိုက်ပါ.."
ဘုန်းစစ်လက်ထဲမှ ရှင်းသန့် သူ့လက်ကိုသူ နှုတ်ယူလိုက်ပြီး ထရပ်လိုက်သည်။
CITEȘTI
Past and Future
Dragosteသံယောဇဉ်တစ်ခုက ငါ့ရင်ထဲ အမြစ်တွယ်နေခဲ့ပြီ... အခုချိန်ထိ ငါတို့နှစ်ယောက်ရဲ့ အတိတ်ကအရာတွေကို ပြန်လိုချင်နေမိတုန်း.....