အိမ်တစ်လုံးကို အသစ်စက်စက်ပစ္စည်း၊ ခေတ်ပေါ်ပစ္စည်းတွေနဲ့ဆောက်တာ မြန်တယ်။ လှပခေတ်မှီတယ်။ ဒါပေမယ့် စက်ရုံတွေက ခုမှ ထွက်လာတဲ့ပစ္စည်းတွေက သိပ်ကိုမာကျောတယ် ကိုကို၊ အိမ်သုတ်ဆေးနံ့တွေနဲ့ မွှန်နေတဲ့၊ အရာရာတိုင်းက ပြောင်လက်ပြီး မာကျောတယ်။ မရင်းနှီးဘူး၊ မနွေးထွေးဘူး။ အဲ့လိုအိမ်မျိုးက လူနေအဆောက်အုံသာသာပဲလေ။ ချစ်ခြင်းရနံ့နဲ့လွှမ်းခြုံနေတဲ့ အိမ်လို့ ပြောလို့မရဘူး။
ဒါကြောင့် ကျွန်တော်က နေမျိုးဆေးတို့ ဆောက်ထားတဲ့ အိမ်လေးကို အရမ်းသဘောကျတယ်။ လူနဲ့ရင်းနှီးကျွမ်းဝင်ပြီးသား၊ လူရဲ့ အရိပ်ငွေ့တို့ ထုံးမွှမ်းထားတဲ့ နူးညံ့တဲ့အိမ်ကလေး၊ နေထိုင်သူကို နွေးနွေးထွေးထွေးပွေ့ဖက်ပေးနိုင်တဲ့ အိမ်ကလေး၊ အိမ်လေးရဲ့ အုတ်တစ်ချပ်ကအစ လူ့သဘော လူ့မနောကို သိနေပြီး သူ့ကိုထိတွေမိတာနဲ့ ပုံပြင်ကိုယ်စီကို ပြောပြပေးနိုင်တဲ့အိမ်ကလေး။
ပြတင်းပေါက်လေးပေါ်လက်ထောက်ပြီး အပြင်ကို ငေးကြည့်နေရင်း ဟိုး...အရင်တုန်းက ဒီလိုလုပ်ဖူးတဲ့ လူတွေရဲ့ပုံပြင်ကို ပြောရင်း ကိုယ့်ကိုအဖော်ပြုပေးနိုင်တဲ့ အိမ်လေးမျိုးမှာ ကျွန်တော် ကိုကို့ကို စောင့်နေချင်တယ်။
ကိုကို့အချစ်ကိုတွေးပြီး ကိုကို့ကိုလွမ်းတိုင်း ကျွန်တော်ပြောပြရင် စိတ်ဝင်တစားနဲ့ နားထောင်ပေးနိုင်တဲ့ အသက်ဝင်နေတဲ့ အိမ်လေး တစ်လုံးကို ကျွန်တော် ပိုင်ဆိုင်ထားလေရဲ့..
စ၀်ခွန်ပိုင်
ကျွန်တော်တို့တည်ဆောက်တဲ့ အိမ်ကလေးဆိုတဲ့ နေမျိုးဆေးရဲ့ စာလေးကို ဖတ်ပြီး ဒီဇာတ်လမ်းကိုရေးဖို့ စိတ်ကူးပေါ်လာတာဖြစ်ပါတယ်။
တကယ်တမ်းပြောရရင် မေမြို့လို အေးချမ်းတိတ်ဆိတ်တဲ့နေရာလေးမှာ ချစ်တဲ့သူ့အတွက် ဒီလိုအိမ်လေးကို ဆောက်ပေးချင်စိတ် အရမ်းကိုပြင်းပြလာလို့ ဒီဇာတ်လမ်းလေးကိုရေးတာဖြစ်ပါတယ်။
လောလောဆယ်တော့ အတွေးတွေထဲမှာ ဇာတ်လမ်းကျောရိုးလေးကို စဉ်းစားမိရုံလေးပဲရှိပါသေးတယ်။ ခံစားချက်တွေကတော့ သူ့အကြောင်းတွေးရုံနဲ့ အစီရီပေါ်လာတာဆိုတော့ ဒီထက်လေးနက်သွားဖို့ပဲရှိပါတယ်။
လက်ရှိရေးနေတဲ့ ဇာတ်လမ်းလေးတွေကို ဖြတ်နေရင်း တပိုင်းချင်း ဖြည်းဖြည်းချင်းရေးပါ့မယ်။ လောစရာမလိုဘူး။ စိတ်ခံစားချက် သိပ်ပြင်းပြလာတဲ့အချိန်မှာပဲ ရေးတင်ပါ့မယ်။
ကြာကောင်းကြာနိုင်ပါတယ်။
စာဖတ်သူအားလုံးကိုကြိုတင်တောင်းပန်ထားရတာဖြစ်ပါတယ်ဗျာ။
May King
YOU ARE READING
အသက်ဝင်နေတဲ့ အိမ်ကလေး
Mystery / ThrillerWritten By- May King အိမ်တစ်လုံးကို အသစ်စက်စက်ပစ္စည်း၊ ခေတ်ပေါ်ပစ္စည်းတွေနဲ့ဆောက်တာ မြန်တယ်။ လှပခေတ်မှီတယ်။ ဒါပေမယ့် စက်ရုံတွေက ခုမှ ထွက်လာတဲ့ပစ္စည်းတွေက သိပ်ကိုမာကျောတယ် ကိုကို၊ အိမ်သုတ်ဆေးနံ့တွေနဲ့ မွှန်နေတဲ့၊ အရာရာတိုင်းက ပြောင်လက်ပြီး မာကျောတယ်။ မရင်...