အသက်ဝင်နေတဲ့ အိမ်ကလေးအပိုင်း (16)

607 96 1
                                    

အသက်ဝင်နေတဲ့ အိမ်ကလေး

အပိုင်း (16)

ခွန်ပိုင် အသင့်အနေအထားဖြင့် စောင့်မည်အပြု အနက်ရောင် လက်တံများက ဆန့်ထွက်လာပြီး ခွန်ပိုင် လည်းပင်ကို တင်းကျပ်စွာ ညစ်ကာပြောသည်။

"မင်းကို လွမ်းနေတာ.. မင်းရင်ထဲက သောကတွေက အရမ်းအရသာရှိတာ ငါလွမ်းနေတာကြာပြီ"

စဝ်ခွန်းပိုင်၏ လည်ပင်းမှ လက်တံက တင်းကျပ်လာပြီး ဘယ်လိုမှ ရုန်းမထွက်နိုင်ဘဲ ခြောက်ခြားစရာ အေးစက်မှုက နှလုံးသားအတွင်းပိုင်းမှ စိမ့်ထွက်လာသည်ဟု ခံစားလိုက်ရသည်၊ မိမိမျက်လုံးတွေ ဝါးသွားပြီ ပြုံးနေသည့် မိန်းမလှတဦးမျက်နှာကို ဝိုးတဝါးမြင်လိုက်ရသည်၊ ထို့နောက် အသံသာသည့် ခေါင်းလောင်းသံ ၊ ကြင်နာတတ်သည့် အမျိုးသားတဦး၏ အပြုံးမျက်နှာ ဖြာကျနေသည့် နေခြည်နွေးနွေး၊ ထိုမြင်ကွင်းကို မြင်မိသည်နှင့် စဝ်ခွန်းပိုင် ဘဝတွင် တခါမှ မဖြစ်စဖူး ဝမ်းနည်းမှုကြီး လှိုက်တက်လာပြီး စိတ်ထဲဖြစ်မိသည့်အတွေးက 'သေချင်သည်'

"ဟုတ်တယ် အသက်ရှင်ရတာ ဘာမှ မကောင်းဘူး၊ မင်းကို ဘယ်သူမှ မလိုချင်ဘူး၊ မင်းရှိနေရင် ဒီအိမ်သားတွေ အမြဲ ရန်ဖြစ်ပြီး စိတ်ဆင်းရဲရတယ်၊ မင်းကို ဘယ်သူမှ မလိုချင်ဘူး"

ထိုတစ္ဆေ၏ အသံကြောင့် စဝ်ခွန်းပိုင်၏ ခေါင်းထဲ ဘာမှ မတွေးနိုင်အောင် ခံစားလာရသည် ။

" ငါ့ကို ဘယ်သူမှ မလိုချင်ကြဘူး''

"မင်းရဲ့အသက်ကို ငါ့ကို ပေးလိုက် ခွန်ပိုင်" မင်းမိဘတွေ မင်းကိုစောင့်နေကြပြီ.... '

"ငါ့ ... မိဘတွေ ... ငါ့ကို စောင့်နေပြီ ... အင်း... ဟုတ်တယ် ..ဖေဖေ.... မေ..မေ"

စဝ်ခွန်ပိုင်၏ ရင်ထဲမှ လစ်ဟာအေးစက်ခြင်းတို့ တိုးလာစဉ် ရုတ်တရက်ခြေထောက်အောက်မှ မြေကြီးပျောက်သွားသလို ခံစားလိုက်ရကာ အသက်ရှင်ချင် စိတ်ပျောက်သွားတော့သည်၊ ထိုစဉ် အပြင်မှ ဖြူဖြူအမွှေးပွလုံးကြီးက ထိုမည်းမည်းအကောင်ကို ခုန်အုပ်လိုက်သဖြင့် စဝ်ခွန်ပိုင် ချုပ်ထားခံရခြင်းမှ လွတ်သွားတော့သည်။

အသက်ဝင်နေတဲ့ အိမ်ကလေးTempat cerita menjadi hidup. Temukan sekarang