အသက်ဝင်နေတဲ့အိမ်ကလေး - အပိုင်း (23)
"အစ်ကို..အစ်ကို.. မလုပ်ပါနဲ့.."
စ၀်ခွန်ပိုင်သည် ဖြစ်ပျက်သွားသည့်ကိစ္စကြောင့်ဦးနှောက်မှ မှန်မှန်ကန်ကန် မစဉ်းစားနိုင်တော့ဘဲ တစ်ချိန်တစ်ခါက မိမိချစ်ဖူးသည့် အစ်ကို့ကိုတောင်းပန်လိုက်သည်။ ဇာတ်လမ်းပြီးပါပြီဆိုပြီး ရင်ကိုခွဲလို့ အသည်းကို ဆားပက်သွားသည့်လူကိုမမုန်းနိုင်ဘဲ မိမိနားက သူ ထာဝရ ထွက်ခွာသွားတော့မည်ဟု တွေးမိပြီး စ၀်ခွန်ပိုင် မာနကိုခ၀ါချကာ အစ်ကို့ကို တောင်းပန်လိုက်သည်။
"ကျွန်တော့်ကိုထပ်ပြီး မထားခဲ့ပါနဲ့.. ကျွန်တော့်နားမှာ နေပေးပါ.."
စ၀်ခွန်ပိုင်၏စကားကိုကြားသော် အောင်မြင့်မြတ်အံ့အားသင့်ကာ ငေးမောသွားသည်။ ခါတိုင်းတွင် မည်မျှနာကျင်နေပါစေ ခံစားချက်ကိုမြိုသိပ်ကာဟန်မပျက် မာန်တင်းကာ နေတတ်သည့် စ၀်ခွန်ပိုင်တစ်ယောက်ကို ဒီလိုစကား ထွက်လာစေသည့်အချက်က...။
"ခင်ဗျား...ဒီပိုက်ကွန်အစီအရင်ထဲ ဘာထည့်ထားတာလဲ.."
ဘုန်းထက်ရှိန်က ကျေကျေနပ်နပ်ရယ်မောကာအောင်မြင့်မြတ်နံဘေးကို လျှောက်လာပြီး ခါးလေးကိုသိမ်းဖက်ကာ နားနားကပ်ပြီး ပြောလိုက်သည်။
"မင်းတွေးကြည့်လေ..သူ့ရင်ထဲက မြိုသိပ်ထားတဲ့ ချစ်စိတ်တွေ၊ စကားလုံးတွေ ထွက်ကျလာအောင် လှုံ့ဆော်နိုင်တာဘာရှိမလဲ...... မင်းရဲ့ခန္ဓာကိုယ်က ထွက်လာတဲ့ပစ္စည်းလေးဖြစ်လို့ ဒီလောက်စွမ်းနေတာပေါ့.."
ဘုန်းထက်ရှိန်၏စကားကြောင့် အောင်မြင့်မြတ်ဒေါသတကြီးဖြစ်ကာ လက်သီးကို တင်းတင်းဆုပ်ပြီး လှည့်ထိုးရန်ပြင်စဉ် ဘုန်းထက်ရှိန်က ကျန်လက်တစ်ဖက်မှသင်္ကေတတချို့ ပြုလုပ်လိုက်စဉ် စ၀်ခွန်ပိုင်တို့ကို ချုပ်ထားသည့် ပိုက်ကွန်အစီအရင်ပေါ်မှမှော်ပညာက ပိုမိုအစွမ်းထက်လာပြီး ကျုံ့လာခဲ့သည်။ ထိုအစီအရင်ပိုက်ကွန်၏ ဖိနှိပ်မှုကြောင့်စ၀်ခွန်ပိုင် အသက်ရှူမ၀နိုင်အောင်ဖြစ်ကာ မြေပြင်ပေါ် ဒူးထောက်ကျသွားသည်။ အောင်မြင့်မြတ်ကပိုင်လေးကို ထိမည်စိုးသဖြင့် လက်သီးဆုပ်ကိုဖြည်လိုက်သည်။
BẠN ĐANG ĐỌC
အသက်ဝင်နေတဲ့ အိမ်ကလေး
Bí ẩn / Giật gânWritten By- May King အိမ်တစ်လုံးကို အသစ်စက်စက်ပစ္စည်း၊ ခေတ်ပေါ်ပစ္စည်းတွေနဲ့ဆောက်တာ မြန်တယ်။ လှပခေတ်မှီတယ်။ ဒါပေမယ့် စက်ရုံတွေက ခုမှ ထွက်လာတဲ့ပစ္စည်းတွေက သိပ်ကိုမာကျောတယ် ကိုကို၊ အိမ်သုတ်ဆေးနံ့တွေနဲ့ မွှန်နေတဲ့၊ အရာရာတိုင်းက ပြောင်လက်ပြီး မာကျောတယ်။ မရင်...