အသက်ဝင်နေတဲ့ အိမ်ကလေး အပိုင်း (20)

700 101 11
                                    

 

အသက်ဝင်နေတဲ့ အိမ်ကလေး

အပိုင်း (20)


"ဒီငှက်မည်းအင်းချတဲ့သူကခင်ဗျားကြောင့် ဒီကိုရောက်လာတာလား.."

 

အိမ်ထဲကိုဝင်လိုက်သည်နှင့် အောင်မြင့်မြတ်မေးခွန်းတစ်ခုကို ရင်ဆိုင်လိုက်ရသည်။ အောင်မြင့်မြတ်က စ၀်ခွန်ပိုင်၏အနား သွားရပ်ကာအမှန်တိုင်းရှင်းပြလိုက်သည်။

 

"ကိုယ်တကယ်မသိဘူး ပိုင်လေး.. မဟုတ်ဘူးလို့တော့ ကိုယ်ထင်တယ်.."

 

"ခင်ဗျားဘာကြောင့် ဒီလောက်သေချာနေနိုင်တာလဲ.. ကျွန်တော်ဒီကိုရောက်နေတာ နှစ်ပတ်ရှိပြီ။ ဘယ်သူနဲ့မှမသိဘူး။ဘာအနှောင့်အယှက်မှ မကြုံဖူးဘူး။ အခု ခင်ဗျားရောက်လာမှ ခြံထဲကို အင်းနဲ့ထိန်းချုပ်ထားတဲ့မကောင်းတဲ့ဟာက ခြံထဲဝင်လာတယ်... ကျွန်တော့်ကို အေးအေးဆေးဆေး ပေးနေပါတော့လားဗျာ......အကို ကျွန်တော့်ကို လက်လွှတ်ပေးလိုက်လို့ မရဘူးလား.."

 

စ၀်ခွန်ပိုင် စိတ်ပျက်လက်ပျက်နှင့် သူ့ကိုတောင်းပန်လိုက်သည်။ အရင်ကတော့ မိမိက သရဲတစ္ဆေများကို မြင်နိုင်သည့် ပုံမှန်မဟုတ်တာကိုအကိုမသိအောင် မနည်းဖုံးဖိထားရသည်။ သူနှင့်ချစ်ကြိုက်နေစဉ် စိတ်ဆင်းရဲကာ နှလုံးရောဂါရလုနီးပါးရင်တထိတ်ထိတ်ဖြစ်ခဲ့ရသည်။ ဟော... အခုကျတော့...သူက မိမိလိုအစွမ်းကို ပိုင်ဆိုင်ရုံသာမက သရဲနှင်အဖွဲ့သားတစ်ဦးပင် ဖြစ်နေသေးသည်။ ဒါ့အပြင်သူ ရောက်လာသည်နှင့် မိမိခြံထဲ ပရလောကသားတချို့ ကျူးကျော်ဝင်ရောက်လာသည်ကို ကြုံရတော့စ၀်ခွန်ပိုင် စိတ်ရှုပ်ကာ သူ့ကို ပြောမိပြောရာ ပြောချလိုက်တော့သည်။

 

အောင်မြင့်မြတ်က စ၀်ခွန်ပိုင်၏ကိုယ်လေးကိုသိုင်းဖက်ကာ နောက်ကျောကို အသာပုတ်ပေးပြီး ပြောလိုက်သည်။

 

"မလွှတ်နိုင်ဘူး..ကိုယ် ပိုင်လေးကို ဘယ်တော့မှလက်မလွှတ်ဘူး.. ကိုယ် ပိုင်လေးကို ချစ်တယ်.. ကိုယ်တို့နှစ်ယောက်စလုံးကထူးခြားတဲ့စွမ်းရည်ကို ပိုင်ဆိုင်ထားသည်။ တစ်ယောက်ကိုတစ်ယောက်လည်း ချစ်တယ်။ ကိုယ်တို့ကြားနားလည်မှုတစ်ခု တည်ဆောက်နိုင်ရင် ဘယ်အရာကိုမှ ကြောက်စရာမလိုဘူး...ပြီးတော့... အခုခြံထဲကို ကျူးကျော်ပြီး ထောက်လှမ်းနေတဲ့အရာက ကိုယ့်ကို ထောက်လှမ်းတာမဟုတ်ဘူး။ပြီးတော့ ကိုယ် ရုတ်တရက် ပေါ်လာတာက တိုက်ဆိုင်တာမဟုတ်ဘူး။ ပိုင်လေးအပေါ် အငြိုးထားတဲ့လူတစ်စုအကြောင်းကြားလို့ ကိုယ်.. လိုက်လာခဲ့တာပဲ.."

အသက်ဝင်နေတဲ့ အိမ်ကလေးМесто, где живут истории. Откройте их для себя