အသက်ဝင်နေတဲ့ အိမ်ကလေးအပိုင်း (5)

1.1K 141 29
                                    

အသက်ဝင်နေတဲ့ အိမ်ကလေး

အပိုင်း (5)

စိုင်းထက်သည် မနက်မိုးလင်းသည်နှင့် ခွန်ပိုင်ဆီကို သွားချင်ပေမယ့် မနေ့ကမှခင်မင်ပြီး မနက်စောစောသွားနှောက်ယှက်သည် ဟုမထင်စေချင်သဖြင့် ခါတိုင်းလို ဖွားဖွားကိုကူပြီး ဈေးရောင်းပေးသည်။ ခွန်ပိုင်များဈေးလာမလားဟု မျှော်လင့်နေသော်လည် ပေါ်မလာခဲ့ပေ။ ဒါကြောင့်ဆိုင်သိမ်းပြီး နေ့လည်အိမ်ပြန်နေတော့ ဖွားလိုအပ်တာအားလုံးလုပ်ပေးပြီး ညနေသုံးနာရီလောက် ခွန်ပိုင်အိမ်ဘက်ကိုထွက်လာခဲ့သည်။

"ခွန်ပိုင်ရေ..."

"အေး...ငါ ဒီဘက်မှ စိုင်းထက်... ၀င်ခဲ့လေ..."

ခြံထဲမှ သူ့အသံကိုကြားသဖြင့် စိုင်းထက်ခြံတံခါးကို ဖွင့်ကာဝင်ခဲ့သည်။ ခွန်ပိုင်က သစ်ပင်များကို မြေဆွနေသည်။ သူ့ကြောင်လေးက ခပ်လှမ်းလှမ်တွင် ပျံနေသည့် လိပ်ပြာလေးများကို ချောင်းနေသည်။ သစ်ပင်များအုပ်ဆိုင်းသည့် ခြံကြီးထဲ မြေဆွပေါင်းသင်နေသော လူရွယ်တစ်ဦး။ နံဘေးမှ အမွေးမွပါရှားကြောင်လေး တစ်ကောင်ကို အဖော်လုပ်နေသည့် မြင်ကွင်းက မြင်မိသုကို အေးချမ်းခြင်းကို ခံစားရစေသည်။ စိုင်းထက်သည် ခွန်ပိုင်ကိုပြုံးကြည့်ကာ အနားက ပေါက်ပြားကို ကောက်ကိုင်ကာ အပင်ခြေရင်းတွင် ပေါက်နေသည့် ပေါင်းမြက်များကို ရှင်းလိုက်တော့ စ၀်ခွန်ပိုင်က အားနာစွာဖြင့် လှမ်းဆွဲကာ ပြောလိုက်သည်။

"ဟာ မလုပ်ပါနဲ့.... လာ... အိမ်ထဲမှာ စကားသွားပြောရအောင်"

"မဟုတ်ဘူး။ ငါက မင်းကို တမင်စကားစမြည်ပြောရင်း လာကူတာ။ မင်းက မြို့သား ပေါက်ပြားကိုင်နေရင် နောက်နေ့ မင်းလက်ပေါက်ကုန်လိမ့်မယ်... ငါက လုပ်နေကျ။ ခါတိုင်းလည်း ခြံထဲ မြေပေါက်နေကြ။ လုပ်ပါ... မင်းက ပေါင်းမြက်နဲ့ အမှိုက်တွေသယ်ပြီး ပစ်လိုက်လေ။ ငါ ပေါက်လိုက်မယ်..."

စ၀်ခွန်ပိုင် အရမ်းကို အားနာနေသော်လည်း စိုင်းထက်က ပြောရင်း ခပ်သွက်သွက်ပေါက်နေပြီ။ သွက်လက်သည့် လုပ်ကိုင်ပုံအရ သူလုပ်နေကျဖြစ်သည်ကိုသိလိုက်သည်။ မိမိက ပင်ပင်ပန်းပန်းလုပ်နေသော်လည်း သူက သက်တောင့်သက်သာပဲ လုပ်သွားလိုက်သည်။ စ၀်ခွန်ပိုင်၏ အမူကျင့်အရဆိုလျှင် ခုမှခင်သည့် လူစိမ်းကို ဒီလိုအလုပ်ခိုင်းဖြစ်မည် မထင်ပါ။ ဒါပေမယ့် စိုင်းထက်၏ ရိုးသားပွင့်လင်းသည့် မျက်နှာထားက ဘာကြောင့်မှန်းမသိ စိတ်အနှောက်ယှက်မဖြစ်ပဲ သက်တောင့်သက်သာ ခံစားလိုက်ရသည်။ စိုင်းထက်သည် မိမိနှင့်နှစ်ပေါင်းများစွာကတည်းက ခင်မင်ခဲ့ဖူးသူလိုပင်။ ဒါကြောင့် ခွန်ပိုင် မငြင်းတော့ပဲ ပေါင်းမြက်များကို သိမ်းကာ တနေရာတွင်သွားစုပုံလိုက်သည်။

အသက်ဝင်နေတဲ့ အိမ်ကလေးWhere stories live. Discover now