အသက်ဝင်နေတဲ့ အိမ်ကလေး
အပိုင်း (13)
" ချွမ်...ချွမ် ...ချွမ် ..."
သံသံချင်းထိသည့် အသံကြောင့် စိုင်းထက်နိုးလာခဲ့သည် ဒီတခါကြားရသည့် အသံကကျယ်လောင်ပီသလွန်းလှသည်။ ဖွားဖွားက
အခြားမြို့ကို သွားနေသဖြင့် စိုင်းထက်တယောက်တည်း စိတ်ကိုတင်းပြီးအိပ်နေရာမှ ညသန်းခေါင်ကျော်သော် ထိုအသံကြောင့်နိုးလာခဲ့သည်။
စိုင်းထက် ပြတင်းတံခါးကြားမှချောင်းကြည့်လိုက်သော် ထင်ထားသည့်အတိုင်း ဂိုဒေါင်နားသွားလာနေသည့် လူထွားကြီး၏ အရိပ်က ပိုထင်ရှားနေသည်။ သူ့ ကိုယ်ပေါ်မှ အခိုးအငွေ့တထောင်းထောင်းထ နေသည်။ လက်မောင်းများတွင် သံကွင်းများဝတ်ထားပြီး ပုံသဏ္ဍာန်က ကြောက်စရာ ကောင်းလှသည်။"ဒီနားမှာပဲ... သူ့ အနံ့ကို ဒီနားမှာရနေတယ်...."
ယနေ့မှ သရဲထံမှ အသံကို ကြားလိုက်ရသဖြင့် ခေါင်းကြီးလာမိသည်။ ထို အရိပ်မည်းက တဖက်ကခွန်ပိုင်တို့ခြံဘက်ကို လှမ်းအနံ့ခံကာပြောနေသည်ကိုကြားသော်ရင်ထိတ်သွားပြီး ကြောက်စိတ်ကိုကျော်လွန်ကာလှမ်းအော်လိုက်မိသည်။
"ခင်ဗျား ဘယ်သူ့ကို ရှာနေတာလဲ ဝေးဝေးသွားစမ်း...ဟိုဘက်မှာ ဘာမှမရှိဘူး"ထိုအရိပ်က လှည့်ကြည့်လာသောအခါ အနီရောင်လက်နေသည့် မျက်လုံးတလုံးက စိုင်းထက်ကိုစိုက်ကြည့်ကာ လှမ်းပြောခဲ့သည်။
"ဒီနေရာမှာ ရှိနေတယ် ငါစောင့်နေတာကြာပြီ....ငါမင်းဆီလာခဲ့မယ်"
အရိပ်ကြီးက ကြောက်စရာကောင်းစွာဖြင့် ရေရွတ်ကာ ခွန်ပိုင်တို့ခြံဘက်တိုးဝပ်သွားသဖြင့် စိုင်းထက် အထိတ်တလန့်နှင့် အော်ဟစ်ကာ သတိပေးရန်ကြိုးစားလိုက်သည်။
"ခွန်ပိုင်.....ခွန်ပိုင်"
ယောင်ယမ်းအော်ဟစ်ရင်း စိုင်းထက်အိပ်ယာနိုးလာခဲ့သည်။ မနက်ခင်းနေခြည်တောင်ဖြာကျလာလေပြီ။ တနေ့ ဖွားဖွားက ဆိုင်ပိတ်ထားသဖြင့် အိပ်ယာမှာဆက်အိပ်နေတော့သည်။ ရင်ထဲမှာလည်းတဒိတ်ဒိတ်ခုန်နေမိသည်။
YOU ARE READING
အသက်ဝင်နေတဲ့ အိမ်ကလေး
Mystery / ThrillerWritten By- May King အိမ်တစ်လုံးကို အသစ်စက်စက်ပစ္စည်း၊ ခေတ်ပေါ်ပစ္စည်းတွေနဲ့ဆောက်တာ မြန်တယ်။ လှပခေတ်မှီတယ်။ ဒါပေမယ့် စက်ရုံတွေက ခုမှ ထွက်လာတဲ့ပစ္စည်းတွေက သိပ်ကိုမာကျောတယ် ကိုကို၊ အိမ်သုတ်ဆေးနံ့တွေနဲ့ မွှန်နေတဲ့၊ အရာရာတိုင်းက ပြောင်လက်ပြီး မာကျောတယ်။ မရင်...