အသက်ဝင်နေတဲ့ အိမ်ကလေး - အပိုင်း (26)
အောင်မြင့်မြတ်သည် ဘုန်းထက်ရှိန်၏စကားကိုကြားသော် ဦးနှောက်မှ အလျင်အမြန်တွက်ကာ မေးလိုက်သည်။
"ခင်ဗျား.. ကျွန်တော့်ကို မချစ်ဘူးလား ကိုဘုန်း.."
ဘုန်းထက်ရှန်က ကျေနပ်စွာရယ်မောကာ ပါးနပ်စွာမေးလိုက်သည်။
"ချစ်တာ မချစ်တာ ဘာထူးလို့လဲ.. မင်းကို ကျုပ် အခု ပိုင်ဆိုင်နေပြီးသားလေ.."
အောင်မြင့်မြတ်သည် ထွက်လာသောဒေါသကိုထိန်းကာ လေအေးဖြင့် ပြောလိုက်သည်။
"ထူးတာပေါ့.. ကျွန်တော်က ခင်ဗျား ကျွန်တော့်ကို တကယ်ချစ်လို့ စွမ်းအင်တက်အောင် ကူညီပေးခဲ့တာလို့ မှတ်ယူထားခဲ့တာ.. အခု အဲ့လိုမဟုတ်ဘူးဆိုရင် ကျွန်တော် တော်တော်လေးကို တုန်လှုပ်သွားမိမှာပဲ.."
ဘုန်းထက်ရှိန်က အောင်မြင့်မြတ်၏စကားကြောင့် သူ့လက်ကို လိမ်ချိုးထားရာမှလွှတ်ကာ မျက်နှာချင်းဆိုင်ဆွဲလှည့်ပြီး မေးလိုက်သည်။
"မင်း ငါ့ကို ခုနလေးကမှ သတ်ဖို့ ကြိုးစားခဲ့တာမဟုတ်ဘူးလား.."
အောင်မြင့်မြတ်သည် လက်မောင်းရင်းကို လက်နှင့် အသာပွတ်သပ်ရင်း သူ့ကိုစိုက်ကြည့်ကာ ပြောလိုက်သည်။
"ခင်ဗျားလို စွမ်းအားကြီးတဲ့သူက ကျွန်တော့်ခွန်အားနဲ့ ဘာမှမဖြစ်နိုင်ဘူးဆိုတာ သိပါတယ်.. ကျေးဇူးပြုပြီး ကျွန်တော်သိချင်တာကို ဖြေပေးပါ.. ခင်ဗျား ကျွန်တော့်ကို ချစ်ခဲ့ဖူးလား.."
ဘုန်းထက်ရှိန်၏မျက်ဝန်းထဲမှ အရိပ်တချို့ ဖြတ်ပြေးသွားပြီး အောင်မြင့်မြတ်၏ရှေ့ရှိ ကျွန်းဆက်တီကြီးတွင်ဝင်ထိုင်ကာ တန်ပြန်မေးခွန်း မေးလိုက်သည်။
"အခုမှ ဘာကြောင့် သိချင်သွားတာလဲ.. ဒါတွေက ကြာခဲ့ပြီမဟုတ်လား.."
"ကျွန်တော် လမ်းတစ်ခုကို ရွေးချယ်မလို့ပါ.. ခင်ဗျား ကျွန်တော့်ကို တကယ်ချစ်ခဲ့ဖူးရင် ကျွန်တော် အားကိုးရမယ့်သူဘက်မှာ ရပ်တည်မယ်.."
"ရုတ်တရက်ကြီးပါလား.. မင်း စိတ်ပြောင်းသွားရတဲ့ အဓိကအကြောင်းအရင်းက ဘာလဲ.."
KAMU SEDANG MEMBACA
အသက်ဝင်နေတဲ့ အိမ်ကလေး
Misteri / ThrillerWritten By- May King အိမ်တစ်လုံးကို အသစ်စက်စက်ပစ္စည်း၊ ခေတ်ပေါ်ပစ္စည်းတွေနဲ့ဆောက်တာ မြန်တယ်။ လှပခေတ်မှီတယ်။ ဒါပေမယ့် စက်ရုံတွေက ခုမှ ထွက်လာတဲ့ပစ္စည်းတွေက သိပ်ကိုမာကျောတယ် ကိုကို၊ အိမ်သုတ်ဆေးနံ့တွေနဲ့ မွှန်နေတဲ့၊ အရာရာတိုင်းက ပြောင်လက်ပြီး မာကျောတယ်။ မရင်...