အသက်ဝင်နေတဲ့ အိမ်ကလေး
အပိုင်း (10)
မိုးကြိုးနတ်ကွန်းအစောင့်သည် သူနှင့်ကပ်လျက် နာမည်ရှိသည့် သရဲကို ရှာရန် ထွက်သွားသည့် နောက်သုံးလေးရက် ပေါ်မလာသဖြင့် စ၀်ခွန်ပိုင် အေးအေးဆေးဆေးနေခွင့်ရလိုက်သည်။ ညောင်ညောင်ဆရာနှင့် အတူ တနေ့တာကို အေးချမ်းစွာ ဖြက်သန်းပြီးနောက် အကိုနှင့်ပတ်သတ်သည်ကို ဖြတ်ခနဲသတိရလိုက်သည်။"အကိုနေမှကောင်းရဲ့လား။ အလုပ်တွေများနေမလား။"
သံယောဇဉ်ဆိုတာမျိုးက နှောင်တွယ်မိလျှင် ပျောက်ကွယ်သွားရိုးထုံးစံမရှိပေ။ သူနှင့်ပတ်သတ်သည့် အရာအားလုံးသည် စ၀်ခွန်ပိုင် အတွက် တဟုန်းဟုန်းတောက်လောက်သည့် အဖြစ်မျိုးမဟုတ်သော်လည်း အနက်ရိုင်းဆုံးမှာတည်ရှိနေပြီး ဘယ်တော့မှမပျောက်ကွယ်နိုင်သည့် မိမိနှင့်တသားတည်း၊ တသွေးတည်းသော၊သေသည်အထိ တွဲပါနေတော့မည့် အရာဖြစ်သွားလေပြီး။ ဒီလိုဖြစ်ပါစေရယ်လို့ ဆန္ဒပြုသည်မဟုတ်သော်လည်း ယခုလိုမိမိနှလုံးသားထဲ သူရှိနေသည်ကို စ၀်ခွန်ပိုင်ကျေနပ်သည် မိမိတယောက်တည်းမဟုတ်တော့ပါ ဘယ်ကိုသွားပါစေ၊ ဘယ်မှာနေပါစေ၊ တွေ့ရသည်ဖြစ်စေ၊ မတွေ့ရသည်ဖြစ်စေ အရေးမကြီးတော့ပါ။ မိမိနှလုံးသားထဲတွင်အကိုရှိနေသည်။
"ခွန်ပိုင်"
"စိုင်းထက်...မင်းနေမကောင်းဘူးလား မျက်ကွင်းတွေညိုနေတယ်ကော.."
"ကောင်းပါတယ်၊ အိပ်ရေးပျက်လို့ပါ..."
မျက်ကွင်းများညိုမည်းနေသော စိုင်းထက် ကိုကြည့်ပြီး ခွန်ပိုင် မေးလိုက်သည်။
"မင်း လိုင်းသုံးတာများသွားလား....."
"မဟုတ်ဘူး ညညအိပ်မပျော်လို့.....ငါမင်းဆီမှာတရေးလောက်အိပ်ချင်လို့ ရမလား...."
"အိပ်ပါ...ရပါတယ်....လာ..လာ....."
စ၀်ခွန်ပိုင်သည် နွမ်းနယ်ပြီး အရမ်းကိုအိပ်ချင်ပုံရသည် စိုင်းထက်ကို အိမ်ထဲခေါ်လာခဲ့သည်။ စိုင်းထက်သည် ဧည့်ခန်းမှ နှစ်ယောက်ထိုင် ကြိမ်ခုံကြီးတွင်ဝင်လှည်းကာ တောင်းဆိုလိုက်သည်။
YOU ARE READING
အသက်ဝင်နေတဲ့ အိမ်ကလေး
Mystery / ThrillerWritten By- May King အိမ်တစ်လုံးကို အသစ်စက်စက်ပစ္စည်း၊ ခေတ်ပေါ်ပစ္စည်းတွေနဲ့ဆောက်တာ မြန်တယ်။ လှပခေတ်မှီတယ်။ ဒါပေမယ့် စက်ရုံတွေက ခုမှ ထွက်လာတဲ့ပစ္စည်းတွေက သိပ်ကိုမာကျောတယ် ကိုကို၊ အိမ်သုတ်ဆေးနံ့တွေနဲ့ မွှန်နေတဲ့၊ အရာရာတိုင်းက ပြောင်လက်ပြီး မာကျောတယ်။ မရင်...