အသက်ဝင်နေတဲ့ အိမ်ကလေး
အပိုင်း (3)
"ရှန့်ရေ... ကိုကို ဈေးထဲ ဟင်းသွားဝယ်ဦးမယ်... အိမ်စောင့်နေဦးနော်..."စ၀်ခွန်ပိုင်သည် ရှန့်ကိုဈေးခေါ်လို့မဖြစ်သောကြောင့် အိမ်မှာထားပစ်ခဲ့ပြီး စတိုခန်းလေးထဲမှာ စက်ဘီးလေးကို ထုတ်ကာ ဖုန်သုတ်ပြီး ဈေးကိုနင်းလာခဲ့သည်။ အလာတုန်းက ဆယ့်ငါးမိနစ်လောက် လမ်းလျှောက်လျှင်ရောက်မည့်နေရာတွင် ဈေးတစ်ခုကို တွေ့ခဲ့သည်ဆိုတော့ ချက်စားဖို့ဟင်းချက်စရာနှင့်ရှန့်အတွက် ငါးဝယ်ချင်သည်။ စ၀်ခွန်ပိုင်သည် ဟိုသည်ကြည့်လိုက် ၀ယ်ခြမ်းနေစဉ် တိုဖူးနွေးစားချင်လာသဖြင့် လူကြိတ်ကြိတ်တိုးနေသည့် ဈေးထဲမှ ခေါက်ဆွဲဆိုင်ထဲကို ၀င်ထိုင်လိုက်သည်။ ထို့နောက် လူများသဖြင့် အိမ်ကိုပါဆယ်မှာရန် ကောင်တာနားကိုသွားလိုက်တော့ မိမိနှင့်ရွယ်တူကောင်လေး တစ်ယောက်ကိုတွေ့တော့ တိုဟူးနွေးနှင့် တိုဟူးနှစ်ပြန်ကြော်တစ်ပွဲကို ပါဆယ်မှာလိုက်သည်။
စိုင်းထက်သည် အိမ်အိုကြီးတွင်နေသည့် ကောင်လေးကို တွေ့သော်မျက်လုံးလက်ခနဲဖြစ်သွားပြီး အမြန်ပြောလိုက်သည်။
"ဟုတ်ကဲ့ အစ်ကို။ ခဏထိုင်စောင့်ပါဦး။ ကျွန်တော် အမြန်ထည့်ပေးပါ့မယ်..."
စိုင်းထက်သည် ထိုကောင်လေးအတွက် အမြန်တိုဟူးနွေးထည့်ပေးတော့ စောင့်နေသည့် နန်းနွဲ့ မျက်စောင်းထိုးကာ ပြောခဲ့သည်။ ဒီကောင်မလေးက တကယ့်အစွာ။ အလှည့်ကျော်တယ်ဆိုပြီး ပွစိပွစိလုပ်နေသည်။
"ဟဲ့.. စိုင်းထက် ငါတို့က အရင်နော်..."
"အေးပါ..နင်ကလည်း ဘယ်လိုဖြစ်နေတာလဲ။ ဒီအစ်ကိုက ဧည့်သည်ဟ။ ခုမှရောက်တာ။ ဦးစားပေးရမယ် မဟုတ်လား။ နင့်ကို ငါ အသားပိုထည့်ပေးပါ့မယ်ဟာ... "
"အေး...ပြီးတာပဲ..."
စိုင်းထက်သည် နန်းနွဲ့ကိုကျေနပ်အောင်ပြောလိုက်တော့ အစားပုပ်မလေးက ကျေနပ်သွားသည်။ စိုင်းထက်လေ။ စားသုံးသူတွေကိုကျေနပ်အောင် ဘယ်လိုဆက်ဆံရမယ်ဆိုတာ နပ်ပြီးသား သိတယ်မလား။ စိုင်းထက်သည်။ တိုဟူးနွေး။ အကြော်ထုပ်၊ ဟင်းရည်နှင့်အချဉ်ထုပ်ကိုယူပြီး တူတစ်စုံကိုယူပြီး ထိုကောင်လေးနားကို သေချာသွားပေးလိုက်သည်။
أنت تقرأ
အသက်ဝင်နေတဲ့ အိမ်ကလေး
غموض / إثارةWritten By- May King အိမ်တစ်လုံးကို အသစ်စက်စက်ပစ္စည်း၊ ခေတ်ပေါ်ပစ္စည်းတွေနဲ့ဆောက်တာ မြန်တယ်။ လှပခေတ်မှီတယ်။ ဒါပေမယ့် စက်ရုံတွေက ခုမှ ထွက်လာတဲ့ပစ္စည်းတွေက သိပ်ကိုမာကျောတယ် ကိုကို၊ အိမ်သုတ်ဆေးနံ့တွေနဲ့ မွှန်နေတဲ့၊ အရာရာတိုင်းက ပြောင်လက်ပြီး မာကျောတယ်။ မရင်...