အသက်ဝင်နေတဲ့ အိမ်ကလေး အပိုင်း (28) - ဇာတ်သိမ်းပိုင်း

1.6K 102 29
                                    

 

အသက်ဝင်နေတဲ့အိမ်ကလေး

 အပိုင်း (28) - ဇာတ်သိမ်းပိုင်း


စ၀်ခွန်ပိုင်သည် အကို မိမိလည်ပင်းကို ညစ်ကိုင်ထားပြီး ဘုန်းထက်ရှိန်၏အမိန့်ရသည်နှင့် ချက်ချင်း လူသတ်လိုရိပ်တို့၊ မိမိကို အနိုင်ယူကာ စွမ်းအင်စုပ်ရမည့်အတွက် အပျော်တို့ လက်ခနဲဖြစ်သွားသည့် မျက်ဝန်ထဲမှ အရာများကို သွေးအေးစွာ ငေးစိုက်ကြည့်ရင်းမိမိခေါင်းထဲဝယ် ကာလကြာရှည် မေ့နေသည့် မှတ်ဥာဏ်အားလုံး တရိပ်ရိပ်တိုးလာခဲ့သည်။ လည်ပင်းမှတင်းကြပ်လာသည့် အားများက မိမိကို အသက်ရှုရခက်ခဲလာစေရုံသာမက မျက်လုံးပြာလာစေသည်။ ဒါပေမယ့်ဝိုးတ၀ါးအမြင်အာရုံကြားဝယ် မကွေး ဆေးကျောင်းနားမှာ အကိုနှင့် တွေ့ခဲ့သည့် အဖြစ်ပျက်တို့အားလုံး ပြတ်သားစွာ မြင်လာစေသည်။

မကွေးဆေးကျောင်းနားမှာ အကိုက မိမိလဲကျနေသည်ကို စောင့်ပြီးတမင် လက်ကမ်းပေးခဲ့သည်။ ထို့နောက် လက်တဖက်က မိမိကို နှောက်ယှက်လိုက်သည့် ပရလောကသားကိုလက်ဟန်ဖြင့် မောင်းထုတ်နေသည်ကို ထိုစဉ်က မျက်စိရှန်းပြီး မမြင်ခဲ့သည်ကို ပြန်မြင်လာခဲ့သည်။ တကယ်တော့ ထိုလက်ဟန်ကို မြင်ခဲ့သော်လည်း အောင်မြင့်မြတ်ဆိုသည့် ကိုလူချောကို တမင်ရည်ရွယ်ချက်ကြီးနှင့်မိမိကို ချည်းကပ်လာလိမ့်မည်ဟု ဘယ်လိုမှ မထင်ထားမိခြင်းဖြစ်သည်။

ထို့နောက် မိမိနှင့် တွေ့သည့်အခါတိုင်း အကို၏ မျက်ဝန်းထဲမှကျေနပ်သည့် အရိပ်အယောင်များ၊ နံဘေးမှ ပရလောကသားများကို တစုံတရာ ခိုင်းစေလွှမ်းမိုးနေပုံများ၊ထိုအရာအားလုံးက အချစ်စိတ်တို့ ကင်းစင်သွားချိန် မှတ်ဥာဏ်ထဲမှ တချက်ခြင်း ပြတ်သားစွာပြန်ပေါ်လာခဲ့သည်။

မိမိကို ချစ်ရေးဆိုစဉ် အကို့မျက်ဝန်းထဲမှ တပ်မက်မှုနှင့်အတူအမိန့်တစ်ခုကို အောင်မြင်အောင် လုပ်နိုင်တော့မည်ဆိုပြီး ကျေနပ်နေသည့် အမူယာများ။ တစ်ခါတစ်ရံမိမိနှင့် အတူရှိခိုက် အကို့ မျက်ဝန်းမှ ပေါ်လာသည့် တောက်ပသည့် အကြည့်နောက်က မိမိနှင့်ချစ်တင်းနှော ချင်သည့် မဖွယ်မရာ အတွေးများ။

အသက်ဝင်နေတဲ့ အိမ်ကလေးOnde histórias criam vida. Descubra agora