အသက်ဝင်နေတဲ့ အိမ်ကလေးအပိုင်း (2)

1.8K 155 17
                                    

အသက်ဝင်နေတဲ့ အိမ်ကလေး

အပိုင်း (2)

ကျောင်းသားများက အ၀တ်စားနွမ်းနွမ်းနှင့်ကောင်လေးကို အတင်းဆွဲခေါ်ပြီးဆရာမရှေ့ကို ခေါ်လာကြသည်။ ကျန်သည့် ကျောင်းသား၊ ကျောင်းသူများကလည်း သန့်ရှင်းရေးလုပ်ရင်း ကွက်ကြည့်ကွက်ကြည့်လုပ်နေကြသည်။


"ဆရာမ ခွန်ပိုင် က အားကစားခန်းမထဲ သန့်ရှင်းရေးလုပ်ခိုင်းတာ မလုပ်ပဲ ထွက်ပြေးသွားတယ်..."

"သား..ခွန်ပိုင်.. ဘာဖြစ်လို့လဲ။ ကနေ့ အားလုံးကိုသန့်ရှင်းရေးလုပ်ခိုင်းထားတယ်လေ။ ယောက်ျားလေးတွေက အားကစားခန်းမနဲ့ ကျောင်းဝင်းထဲ လုပ်ရမယ်လို့မှာထားတယ် မလား။ "

ဆရာမသည် ကျောင်းသားများတွန်းပို့သဖြင့် မိမိရှေ့ကိုရောက်လာသည့် ကျောင်းသားလေးကို ကြည့်ကာ မေးလိုက်သည်။ သို့သော် ထိုကောင်လေးက ခေါင်းငုံ့နေပြီး ချက်ချင်းမဖြေသဖြင့် ဘေးမှကျောင်းသားများက အလုအယက်ဝိုင်းတိုင်ကြသည်။ သူတို့အားလုံး၏မျက်လုံးများက ထိုကျောင်းသားအကြောင်းကိုပြောတော့ စိတ်အားထက်သန်မှုကြောင့် တောက်ပြောင်နေသည်။

"သူက အချောင်ခိုတာ ဆရာမ။ ကျောင်းဝင်းအနာက်နားကို အမှိုက်ပစ်ခိုင်းလည်း မသွားဘူး.."

"သူငယ်ချင်းတွေအားလုံးက လုပ်ပြီး သားက ဘာလို့ အချောင်ခိုနေတာလဲ..."

အတန်းပိုင်ဆရာမလေးက ခေါင်းငုံ့နေသည့် ကလေးလေးကို ကြင်နာစွာမေးလိုက်သည်။ ထိုအခါမှ ခေါင်းငုံ့နေသည့် ကျောင်းသားထံမှ လေသံတိုးတိုးလေးနှင့်ဖြေသည်ကိုကြားလိုက်ရသည်။

"ကျွန်တော် အချောင်ခိုတာ မဟုတ်ပါဘူးဆရာမ..."

"အချောင်ခိုတာ မဟုတ်ရင် ဘာလို့အတူတူမလုပ်တာလဲ။"

ထိုကောင်လေးက မဖြေသဖြင့် ဘေးက ကျောင်းသားက ပုခုံးကို တွန်းကို ဖြေရန်တိုက်တွန်းလိုက်သည်။

"ဟေ့ကောင်..ဆရာမမေးနေရင်ဖြေလေ။ "

"ဟုတ်ပါ့ ရိုင်းလိုက်တာ.."

အသက်ဝင်နေတဲ့ အိမ်ကလေးМесто, где живут истории. Откройте их для себя