အသက်ဝင်နေတဲ့ အိမ်ကလေး
အပိုင်း (15)
ရှမ်းပြည်မြောက်ပိုင်း မြို့ငယ်လေးသို့ စ၀်ခွန်ပိုင်ရောက်ရှိလာတာ ဘာလိုလိုနှင့် ၂ပတ်ကျော်ခဲ့လေပြီ။ ဦးဦးတို့ မှာလိုက်သည့် အမျိုးတော်စပ်သည့် အိမ်ကို အလည်အပတ်ထွက်လာခဲ့သည်။ တကယ်တော့ ရောက်ရောက်ခြင်း သော့ဝင်ယူပြီးနောက် ထိုဦးလေးမိသားစုက ဘုရားဖူး ထွက်သွား သဖြင့် စ၀်ခွန်ပိုင် အခုမှသွားလည်ရခြင်းဖြစ်သည်။ ဈေးထဲမှ အသီးအနှံကို ၀င်ဝယ်ပြီး ညောင်ညောင်ဆရာကို စက်ဘီးခြင်းထဲထည့်လို့ မြို့အခြား တဘက်ခြမ်းရှိ ဦးလေးတော်စပ်သူ၏ အိမ်ကို စက်ဘီး ဖြည်းဖြည်းနင်းပြီး ထွက်လာခဲ့သည်။ အေးမြသည့် တောင်ပေါ်လေးက စ၀်ခွန်ပိုင်၏ ဆံပင်ကို လေထဲ လွင့်နေစေသည်။ လေနုအေးကြောင့် စ၀်ခွန်ပိုင်၏စိတ်တို့ အနည်းငယ် လန်းဆန်းလာခဲ့သည်။
"မင်း ... အဲ့အိမ်ကို သိပ်မသွားချင်ဘူးမဟုတ်လား ... ဘာဖြစ်လို့လဲ ..."
ညောင်ညောင်ဆရာက စ၀်ခွန်ပိုင်၏ မျက်နှာရိပ်ကို အကဲခက်ကာ မေးလိုက်သည်။ စ၀်ခွန်ပိုင်သည် ပါးနပ်လှသည့် တောင်စောင့်နတ်မင်းကို ငုံ့ကြည့်ကာ မေးလိုက်သည်။
"ကျွန်တော့်မျက်နှာပေါ်မှာ အဲ့လောက် ထင်ရှားနေလို့လား"
"သူများဆို မသိနိုင်ပေမယ့် ငါမင်းမျက်နှာကို ကောင်းကောင်းဖက်နိုင်တယ်။ ဘာကြောင့်လဲဆိုတော့ ငါက သက်တမ်းရင့် တောင်စောင့် နတ်ကြီးဖြစ်လို့ပဲ "
ညောင်ညောင်ဆရာ၏ စကားကိုကြားသော် စ၀်ခွန်ပိုင် ရယ်လိုက်မိသည်။ ထို့နောက် ညောင်ညောင်ဆရာကို တချို့အကြောင်းရာကို စပြီးပြောပြလိုက်မိသည်။
"ကျွန်တော် ငယ်တုန်းက ပထမဆုံး မွေးစားဖူးတဲ့ ဦးလေးမိသားစုပါ "
ညောင်ညောင်ဆရာသည် စ၀်ခွန်ပိုင်၏ မျက်နှာကို တည်ငြိမ်စွာကြည့်ကာ နားထောင်နေလိုက်သည်။ ဒီကောင်လေးရဲ့ငယ်ဘ၀ကို မိမိ မသိခဲ့ လိုက်ပါ။ စောမေသီရိ အိမ်ထောင်ကျပြီးနောက်ပိုင်း မိမိနှင့် စကားပြောဖော်လည်းမရှိ ငြီးငွေ့လွန်းလို့ နတ်ကွန်းထဲနှစ်ပေါင်းများစွာ အိပ်ပျော် နေခဲ့မိသည်။ ပြဿနာရှာမည့် စောမေသီရိလည်း အိမ်ထောင်တည်ဖြစ်ပြီး တည်ငြိမ်သွားသောကြောင့် မိမိတို့လို ပရလောကသားများကြား ၀င်လည်း မရှုပ်တော့သဖြင့် စိတ်ချသွားတာလည်းပါမည်။ ဒါကြောင့် စောမေသီရိ သားတစ်ယောက်ရတာ၊ ထိုသားအရွယ်ရောက်တော့ စောမေသီရိ ဆုံးပါးသွားတာ။ စောမေသီရိ၏ သားက အိမ်ထောင်ကျပြီး ချွေးမဖြစ်သူက ကလေးမွေးရင်း ကလေး တနှစ်သားလောက်မှာ သေဆုံးသွားတာ။ နောက် ငါးနှစ်အကြာ စောမေသီရိ၏ သားလည်း သေဆုံးသွားတာတွေကို တောထဲက အခြားသူများထံမှ စုံစမ်းရင်သိရှိခဲ့ရခြင်းဖြစ်သည်။ စ၀်ခွန်ပိုင်၏ အဖေသေဆုံးချိန်တွင် စ၀်ခွန်ပိုင် အသက်ခြောက်နှစ်ကျော် သာရှိဦးမည်။ ယခုသွားလည်မည့် ဆွေမျိုးက သူ့ကို ပထမဆုံး မွေးစားခဲ့သည့် အိမ်ဖြစ်ပုံရသည်။
ВЫ ЧИТАЕТЕ
အသက်ဝင်နေတဲ့ အိမ်ကလေး
Детектив / ТриллерWritten By- May King အိမ်တစ်လုံးကို အသစ်စက်စက်ပစ္စည်း၊ ခေတ်ပေါ်ပစ္စည်းတွေနဲ့ဆောက်တာ မြန်တယ်။ လှပခေတ်မှီတယ်။ ဒါပေမယ့် စက်ရုံတွေက ခုမှ ထွက်လာတဲ့ပစ္စည်းတွေက သိပ်ကိုမာကျောတယ် ကိုကို၊ အိမ်သုတ်ဆေးနံ့တွေနဲ့ မွှန်နေတဲ့၊ အရာရာတိုင်းက ပြောင်လက်ပြီး မာကျောတယ်။ မရင်...