ရင်ဘတ်ထဲမှ မွန်းကြပ်ခြင်းသည်
လွင်ထီးခေါင်ပြင်ကိုမှ ဖိနပ်မပါပဲလျှောက်နေရသလိုပဲ
ပူလောင်လွန်းသည်....Bangkok မြို့၏
အထပ်မြင့်အဆောက်အဦးတစ်ခုမှ
ရုံးခန်းငယ်လေးတွင်တော့....ရက်စက်တယ် ဆိုသော
စကားတစ်ခုကို ဆိုရင်း
တစ်ရူံရူံငိုနေသော အဖြူရောင်ကောင်လေးတစ်ယောက်...." Gun!!!မင်းငိုနေတာ ကို့အကျီ င်္မှာ
မျက်ရည်တွေကော နှာရည်တွေကော
စိုကုန်ပြီ "ဖက်ထားသည့် Gunခန္တာကိုယ်လေးကို
ပိုတိုးဖက်ရင်း OFF စနောက်သလိုပြောလိုက်တော့
ငိုနေသည့်ကလေးက ပိုတိုးငိုလို့...."P' နော်။ကျွန်တော်မျက်ရည်ပဲကြတာပါ
ဘယ်က နှာရည်မှမကျဘူး... "OFF မျက်နှာကို မော့ကြည့်ရင်း
နူတ်ခမ်းလေးဆူကာ ရန်စကားဆိုနေပြန်သော
Gun က ဝမ်းနည်းမူတွေ မရှိတော့သူလိုပေါ့ပါးနေပြန်ရော.....ချစ်ဖို့တွေ မကောင်းပြပါနဲ့လား ကလေးငယ်ရာ။
ကို မင်းကိုချစ်တဲ့အချစ်တွေ နှလုံးသားထဲမှာပဲ သိမ်းထားချင်တာမို့...."မငိုတော့ဘူးမလား အခု
ကို အဝတ်လဲချင်လို့
အဲ့ဒါ... ""ပြောလေ P'
အားမနာပါနဲ့"" Dinကို ဆေးရုံသွားကြည့်ဖို့
ကို လိုက်ပို့ပေးမယ်
အခု ခဏလောက် ရုံးခန်းအပြင်မှာစောင့်နေပေးပါလား Gun "" Krup "
♬♬♬♬ Cover♬♬♬♬
Papi Pov:
Gun!!
မင်းက ကို့ကိုချစ်နေတာတဲ့လား။
ကို မမျှော်လင့်ထားမိဘူး။
အဆုံးသတ်မှာ ကျန်ခဲ့ရမဲ့သူက
ကို ပဲဖြစ်ချင်ခဲ့တာ။
ဒါပေမယ့် အဆုံးသတ်ဆိုတာက
မင်းကိုပါ နာကျင်စေမယ်လို့
ကို မတွေးခဲ့မိဘူး။
ဟန်ဆောင်ခွင့်ပြုပါ ကလေးငယ်
အမှတ်တရ ဆိုတာတွေကြောင့်
မင်း နာကျင်ရမှာထက် စာရင်
ကို နဲ့ နှစ်ယောက်
ဘာပတ်သက်မူမှာ မရှိဘဲခွဲခွာနေတာက
ခံစားရသက်သာစေမယ် မလား......"Sir!ဆေးရုံက ဖုန်းဆက်ပါတယ် "
အတွင်းရေးမှူး စကားသံကြောင့်
Papi အတွေး ရပ်ရင်း ရုံးခန်းပြင်သို့
ထွက်လာမိသည်။