Gun နဲ့ P'Off ပျော်နေကြတာကို
အခန်းဝရှေ့ရပ်ကြည့်ရင်း ကျွန်တော်လိုက်ပြုံး
ဖြစ်ပါတယ်။ကျွန်တော့်ကောင်လေး ပျော်နေတာပဲဟာ....ကျွန်တော်လည်း လိုက်ပျော်သင့်တာပေါ့....ခုနကထိ စနောက်ရင်းပျော်နေတဲ့ နှစ်ယောက်က ကျွန်တော့်ကို
ချက်ချင်း တည်သွားကြတယ်ဆိုတာ...ပျော်နေတာတဲ့လား....မင်းမျက်နှာထက်
ပြုံးရွင်နေခြင်းတွေ ကိုယ့်ကိုတွေ့လိုက်ရမှ
ပျောက်သွားရတာမို့ တောင်းပန်တယ်နော်...
ကလေးလေး..."Baby နဲ့ အကို ဆော့နေကြတာလား..."
ချစ်ကြည်နူးခြင်းအပြည့်နဲ့ ပျော်နေတဲ့
အကိုတို့နှစ်ယောက်အကြောင်း သိနေသော်ငြား
ကျွန်တော့်ကလေး အနေမခက်အောင် မသိသလို ဟန်ဆောင်ပေးပါ့မယ်လေ...."လာထိုင်လေ....ညီ.."
ငယ်ငယ်ထဲက ကျွန်တော့်ကို ဦးစားပေးတက်တဲ့
အကိုက Gun နဲ့ ပတ်သက်လည်း လျှော့ပေးမှာ
သိတာပေါ့...အကိုသာ Gun ကို ချစ်ရင်
ကျွန်တော် နောက်ဆုတ်ပေးဖို့ ဝန်မလေးဘူးရယ်..."ညီ...ဘာတွေစဉ်းစားနေတာလဲ..
လာလေ...."ကုတင်ပေါ်ထိုင်နေတဲ့ အကိုနား ထိုင်ဖို့ပြင်လိုက်ပေမယ့်..
ကျွန်တော့်အကြည့်တစ်ချို့က...
သွေးစို့နေတဲ့ ပတ်တီးဖြူဖြူတစ်ချို့ ချစ်ရသူ၏
ခြေထောက်နုနုထက် နေရာယူထားခြင်းကိုသာ..."Baby ခြေထောက် ကဘာဖြစ်တာလဲကွာ..."
ကိုယ့်မှာ စိုးရိမ်ပိုင်ခွင့်တော့ ရှိသေးတယ်မလားဟင်...
တောင်းပန်သလို မျက်ဝန်းတစ်ချို့နဲ့
ကျွန်တော့်ကို ကြည့်ရင်း ပြောလာတဲ့
ချစ်သော ကောင်လေး၏စကား...."ချော်လဲလို့ နည်းနည်းထိမိသွားတာ ကို...😁 "
ကလေးတစ်ယောက်လို ပြုံးပြလာတဲ့
ကောင်လေးဟာ ဖြူစင်လွန်းပါရဲ့...
ကျွန်တော်သာ ထိုကောင်လေးကို
မဖြူစင်စွာ ပိုင်ဆိုင်ချင်ခဲ့မိတာ...ကိုယ်မှားသွားတယ်ထင်...
မင်းချစ်နေသူက ကိုယ့်အကိုမှန်းသိနေပါလျက်
မင်းကို ကိုယ့်ချစ်သူအဖြစ် နေစေခဲ့မိတာ....♬♬♬♬ Cover♬♬♬♬
Off အိမ်ကနေ Gun ကို စကားပြောချင်သည်ဟု ဆိုကာ
ခေါ်ခဲ့ရသည်...
သွားဖြစ်သည်က ထိုင်နေကြဆိုင်လေးဆီသာ....