P'OFF တို့ရုံးခန်းကပြန်ပြီးသည့်နေ့ကစလို့
Gun အပြင်သိပ်မထွက်ဖြစ်။
Kit ကလည်း Singtoနဲ့ ရင်းနှီးပြီးထဲက
သူ့ကိုပင်မေ့နေတတ်သည်မို့
တစ်ယောက်တည်းနေဖြစ်တာကများသည်။
Din က နိုင်ငံခြားတက္ကသိုလ်တစ်ခုကို
ဝင်ခွင့်ရဖို့ ကြိုးစားနေတာမို့
Gun ကို အာရုံမရောက်နိုင်ဖြစ်နေရသည်...ဘာလိုလိုနဲ့ နက်ဖြန်ဆို သောကြာနေ့ပင်
ရောက်တော့မည်။Papiနဲ့အတူခရီးသွားရမည်မို့
လိုအပ်တဲ့ပစ္စည်းတွေကို သေချာစီစစ်ပြီးထည့်ရသည်။
Papi က စည်းကမ်း ကြီးတာမို့
တစ်ခုခုဆို အော်ခံရမှာတော့ကြောက်ရသည်။
ချစ်ရသူ အော်တာမပြောနဲ့ လေသံမာမာနဲ့
စကားပြောရင်တောင် မျက်ရည်ကကျတတ်သည်မို့.......အဝတ်အစားတစ်ချို့ ထည့်ပြီး
လိုအပ်သည့် ပစ္စည်းအတိုအထွာတွေနဲ့
စာရွက်စာတမ်း တစ်ချို့ကိုထည့်ကာ
luggage ကိုပိတ်လိုက်သည်...
စိတ်ထဲလေးလံနေသည်မို့ ရေချိုးလိုက်ပြီး
ညစာပင်မစားဘဲ အိပ်ယာထက်လှဲမယ်လုပ်မှ
ဝင်လာတဲ့ဖုန်းရယ်ပါ......📲Unknown Number
"Hello Krup!!ဘယ်သူများလဲမသိဘူးနော်..."
"Gun ကို Papi ပါ...."
တည်ငြိမ်အေးဆေးလွန်းတဲ့ ကျွန်တော့်လူကြီး
က ကျွန်တော့်ကို ဖုန်းဆက်တာတဲ့...."ဒီအချိန်ကြီး ဘာကိစ္စ ရှိလို့လဲ P' "
"မနက် ခရီးသွားမယ့်ကိစ္စလေ
အဲ့တာ P' တို့ အခုသွားရင် ပိုကောင်းမလားလို့လေ.....""ခုက ညတောင်မိုးချုပ်နေပြီလေ Papi
ကားမောင်းလို့ အဆင်ပြေပါ့မလား....."သူမေးတဲ့ မေးခွန်းမဖြေခင် သူအဆင်ပြေလား
မေးဖို့သာ စိတ်ထဲလောမိသည်။
သူအဆင်ပြေဖို့က အဓိက ဖြစ်တာမို့....."ကိုကပြေလို့ ခုGun အိမ်ရှေ့ရောက်နေပြီ..."
"အဲ့ဒါဆို ကျွန်တော် အဝတ်အစားလဲပြီးထွက်လာခဲ့မယ်နော်
ခုက ညအိပ်ဝတ်စုံနဲ့မို့.....""ညအိပ်ဝတ်စုံနဲ့ဆိုလည်း Gunက
ကြည့်ကောင်းပြီးသားနေမှာပါ....""မြင်ရတာလည်း မဟုတ်ပဲနဲ့ Papiရာ
ကျွန်တော် အရမ်းကလေးဆန်နေလိမ့်မယ်...."
(ကလေးရှက်သွားပြီ⊙.☉)