အုံမှိုင်းလာတဲ့မိုးသားနဲ့ အတူ
ရေစက်တစ်ချို့ လမ်းမထက်ကျရောက်လာခဲ့သည်။
ရိူးပဲ့မှာစိုးတာကြောင့် မိုးတွင်းထီးမဆောင်းပဲ
အပြင်ထွက်လာတဲ့ kitတစ်ယောက်
ချိန်းထားသည့်ဆိုင်ရောက်ခါနီးမို့သာ
ကြိတ်ဝမ်းသာနေလေရဲ့...
မိုးစိုလို့လဲမဖြစ် တစ်နာရီနီးပါး
ပြင်ဆင်ထားရတဲ့အပြင် မဆိုးဖူးတဲ့
Linerကိုပါဆိုထားသည်မို့
မဲသဲသွားမှာလည်းကြောက်ရတာကိုး....မိုးရွာကာစမို့ လူများကရုပ်ရုပ်သဲသဲနှင့်
ပြေးလွှားနေကြလေရဲ့......
Kitလည်း ဆိုင်ထဲအမြန်ပြေးဝင်လိုက်ရသည်...
ဆိုင်ထဲရောက်တော့ ဒေါင့်ကျကျနေရာလေးမှာ
ထိုင်နေတဲ့ Singကိုတွေ့လိုက်ရတာမို့
စိတ်တွေတောင်ခုန်လာသလို...."Krist ကိုဒီမှာ ကလေး..."
လက်ပြကာ လှမ်းခေါ်နေတဲ့ Singtoရယ်ပါ....
"ကလေး မိုးစိုသွားသေးလား...."
"နည်းနည်းပါဗျ....ဘာလို့လဲ ကျွန်တော်ရုပ်ဆိုးနေလို့လား....."
"မဟုတ်တာ အရမ်းချစ်ဖို့ကောင်းနေတယ်..."
Singtoစကားကြောင့် Krist တစ်ယောက်
ပါးလေးတွေပင် ရဲတတ်သွားသလို
ခေါင်းကိုလည်းငုံထားမသည်
(အပျိုလေး ရှက်သွေးဖြာ😁)"ဒီဆိုင်ကို ချိန်းတဲ့ကိစ္စက ဘာများလဲ P' "
Singtoစိုက်ကြည့်နေတာမို့
မေးလိုက်ခြင်းသာ...."အာ...ကိုမေ့သွားတာ ကလေးရဲ့
ဒါနဲ့ Gunလေးကော ဘာလို့မလိုက်လာတာလဲ...""Gun က အိပ်ပျော်နေလို့ရယ်ပါ..."
"နေများမကောင်းတာလား Krist"
မိုးရေထဲ ပြေးလာရတဲ့ကျွန်တော့်ကိုကျ
စိုသွားသေးလားမေးရုံ
Gunကျစိတ်ပူပြနေလိုက်တာ....."မဟုတ်ဘူး P' သူနည်းနည်းစိတ်ညစ်နေလို့ဖြစ်မယ်..."
"သူမပါဘူးဆိုတော့ ဘယ်လိုလုပ်ရပါ့??
Albumကိစ္စက သူမပါရင်မဖြစ်ဘူးလေ
ကလေးရဲ့...."Gunမပါရင် မဖြစ်ဘူးတဲ့
ကျွန်တော်လည်း ဒီ albumကိစ္စနဲ့ဆိုင်တဲ့သူပဲလေ
ဒါကို ဘာလို့ Gunမပါရင်မဖြစ်တာလဲ...."P' သူမပါလည်း ကျွန်တော်ကိုပြောလို့ရတာပဲဟာ
ကျွန်တော် သူ့ကို ပြန်ပြောလိုက်လို့ဖြစ်တယ်လေ...."